ဂျပန်က လချီကြာမည့် ကိုဗစ် အရေးပေါ် အခြေအနေ ကြေညာတော့ရန် ရှိ 

ဂျပန်က လချီကြာမည့် ကိုဗစ် အရေးပေါ် အခြေအနေ ကြေညာတော့ရန် ရှိ 

ဇန်နဝါရီ ၆

တိုကျိုဧရိယာ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေခြင်းကို တိုက်ထုတ်နိုင်ရေးအတွက် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါသည် ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ဒုတိယမြောက် အရေးပေါ်အခြေအနေကို ကြေညာရန် အသင့်ရှိနေသည်ဟု Nikkei က ကြားသိရသည်။ 

ယခု အရေးပေါ်ကြေညာချက်သည် မြို့တော် တိုကျိုအပြင် ကာနာဂါဝါ၊ ဆိုင်တာမာနှင့် ချီဘာစသော အနီးရှိ စီရင်စုနယ်များကိုပါ လွှမ်းခြုံအကျုံးဝင်မည်ဖြစ်ပြီး အနည်းဆုံး တစ်လအကြာ ချမှတ်ထားမည်ဟု မျှော်လင့်ရသည်။ ဂျပန်နိုင်ငံသည် ယမန်နှစ် ဧပြီ ၇ ရက်တွင် ပထမဆုံး အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး မေလနှောင်းပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ 

တိုကျိုနှင့် ပတ်လည်ဧရိယာများမှ အုပ်ချုပ်ရေးမှူးများ၏ အရေးပေါ်အခြေအနေ ကြေညာပေးရန် မေတ္တာရပ်ခံချက်ကို အစိုးရက စဉ်းစားသုံးသပ်လျက်ရှိသည်ဟု တနင်္လာနေ့ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲ၌ ဆူဂါက ပြောသည်။ 

သီးခြားအနေဖြင့် အဆိုပါ ပြည်နယ်အုပ်ချုပ်ရေးမှူး လေးဦးသည် ဒေသခံများအနေဖြင့် ည ၈ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းရေးအတွက်လည်း တနင်္လာနေ့တွင် သဘောတူခဲ့ကြသည်။ 

သောကြာနေ့မှ စတင်ပြီး ထို ၈ နာရီအချိန် နောက်ပိုင်းတွင် ဘားဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ကြရန်ကြိုလည်း မေတ္တာရပ်ခံသွားမည် ဖြစ်သည်။ စာသင်ကျောင်းများကိုလည်း ဆက်လက်ပိတ်ထားမည်။ ဇန်နဝါရီ ၃၁ ရက်အထိ အလုပ်ချိန်များကို အချိန်တိုသာ သတ်မှတ်ရန်လည်း မေတ္တာရပ်ခံထားကြသည်။ 

အရေးပေါအခြေအနေသစ် ကြေညာရေး အစီအစဉ်များနှင့် ပတ်သက်ကာ အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် အကြံပေးကောင်စီက မကြာမီတွင် စည်းဝေးကြမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် တနင်္လာနေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၃၀၂ ဦး ရှိကာ သုံးပုံတစ်ပုံမှာ တိုကျိုနှင့် ပတ်လည် စီရင်စုနယ် သုံးခုမှ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly