ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက မြန်မာနိုင်ငံအကြီးဆုံးအတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်သို့ ယခုအတောအတွင်း လာရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သို့ ပေးပို့သော သတင်းစကားတွင် ဝန်ကြီးချုပ်အာဘေးက မကြာသေးမီက ရွေးကောက်ပွဲအောင်မြင်အနိုင်ရမှုကို ချီးကျုးဂုဏ်ပြုစကားဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ သတင်းစကားကို မြန်မာနိုင်ငံအမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အထူးသံတမန် ယိုဟီးဆာဆာကာဝါက ရန်ကုန်သို့ ရောက်ရှိကာ NLD မှ အကြီးတန်းအရာရှိတစ်ဦးထံ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref: The Japan Times