ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာပေးရန် ဂျပန်အစိုးရကို တိုက်တွန်း

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်နေခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာပေးရန် ဂျပန်အစိုးရကို တိုက်တွန်း

ဇန်နဝါရီ ၃

ကူးစက်မှု မြင့်မားနေသော ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် အရေးပေါ်အခြေအနေ ကြေညာရန် တိုကျိုအုပ်ချုပ်ရေးမှူးနှင့် အိမ်နီးချင်း စီရင်စုနယ် သုံးခုမှ အုပ်ချုပ်ရေးမှူးများက တိုက်တွန်းတောင်းဆိုသည်။ 

သုံးနာရီကျော် ကြာခဲ့သော အစည်းအဝေးတစ်ရပ်တွင် အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်အရေး အဓိကကိုင်တွယ်သူ ယာဆူတိုရှီထံသို့ တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို၊ ဆာအိတာမားအုပ်ချုပ်ရေးမှူး မိုတိုဟီရို၊ ကာနာဂါဝါအုပ်ချုပ်ရေးမှူး ယူဂျီကူရိုအိဝါနှင့် ချီဘာအုပ်ျုပ်ရေးမှူး ကန်ဆာကူတို့က မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ 

ထိုသို့ အရေးတယူ ဆောင်ရွက်ရေးအတွက် တောင်းဆိုချက်သည် သက်တမ်း သုံးလခွဲတာ ရှိသေးသော ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါ အစိုးရအတွက် လက်ရှိအထိ အကြီးဆုံး စိန်ခေါ်မှု ဖြစ်ကောင်း ဖြစ်လာနိုင်သည်။  

အစိုးရအနေဖြင့် တိုကျိုမြို့တော်၌ ကူးစက်မှုသစ်များ တိုးပွားနေစေသော ပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ရလိမ့်မည်ဖြစ်သည်ဟု ကိုအိကီက သတင်းထောက်များအား ပြောသည်။ နီရှီမူရာကလည်း သူနှင့် ယခု အုပ်ချုပ်ရေးများက သဘောတူကြသည်မှာ မိမိတို့သည် ဆိုးဝါးသည့် အခြေအနေတွင် ရောက်ရှိနေပြီး အရေးပေါ်အခြေအနေ ကြေညာရန် စဉ်းစားရမည့် ကိန်းဆိုက်နေပြီဟု ပြောသည်။ ထိုပြင် အစိုးရအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ် မချမီ ၎င်း၏ ကိုရိုနာဗိုင်းရပ်စ် ပညာရှင်အဖွဲ့နှင့် တိုင်ပင်နှီးနှောရန် လိုအပ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောသည်။ 

ဝန်ကြီးချုပ် ဆူဂါက တနင်္လာနေ့ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲတွင် ပြောရာ၌ ဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေးအတွက် ၎င်းတို့ အစိုးရ၏ အစီအစဉ်ကို ရှင်းပြမည်ဟု ဆိုခဲ့သည်။ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များနှင့် စီးပွားရေးတို့ကို ဟန်ချက်ညီစေရမည်ဟု ကတိပေးရင်း ဝန်ကြီးချုပ်က အရေးပေါ်အခြေအနေသစ်တစ်ရပ် ကြေညာရေးကို သတိထားစွာ ကိုင်တွယ်သုံးသပ်လျက် ရှိနေသည်။ 

စီရင်စုနယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် ၎င်းတို့၏ ဒေသခံများကို လေးလေးနက်နက် မေတ္တာရပ်ခံရမည် ဖြစ်ကြောင်း၊ စားသောက်ဆိုင်များကို အချိန်ပိုင်းသာ ဖွင့်ကြရန်၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်သမားများကို အိမ်မှနေပဲ လုပ်ကိုင်စေရန် စသည်တို့ကို တွန်းအားပေးသွားရမည်ဖြစ်ကြောင်း နီရှီမူရာက တိုက်တွန်းပြောဆိုသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly