တောင်တရုတ်ပင်လယ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ် နှစ်နိုင်ငံရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးစီး

By UNI
29 December 2020
တောင်တရုတ်ပင်လယ်အတွင်း အိန္ဒိယနှင့် ဗီယက်နမ် နှစ်နိုင်ငံရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးစီး

ဒီဇင်ဘာ ၂၉ ၊ ၂၀၂၀

 အိန္ဒိယနှင့် ဗီယက်နမ် ရေတပ်များသည်  တောင်တရုတ်ပင်လယ်အတွင်း နှစ်နိုင်ငံအကြား ရေကြောင်းဆက်ဆံရေးများအား ပိုမိုလေးနက်လာစေရန် ရည်ရွယ် ပြုလုပ်ခဲ့သော သူတို့၏ နှစ်ရက်တာ နှစ်နိုင်ငံရေတပ် လေ့ကျင့်ရေးမှုကတော့ တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။
 
အိန္ဒိယရေတပ်နှင့် ဗီယက်နမ် ပြည်သူ့ ရေတပ်အကြား “နှစ်နိုင်ငံရေတပ်လေ့ကျင့်ရေး #PASSEX  ဒီဇင်ဘာ ၂၆ ရက်နေ့။ #ရေကြောင်း #အပြန်အလှန်ပူးပေါင်းရေးနှင့် ပူးတွဲမှု အားဖြည့်ခြင်း” ဟု အိန္ဒိယ ရေတပ်က တွစ်တာစာမျက်နှာတွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် INS Kiltan သင်္ဘောသည် Sagar-III နှင့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးကယ်ဆယ်ရေး (HADR) ၁၅ တန် တင်ပို့ရန်အတွက် ဟိုချီမင်းမြို့ နာရွန်း ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly