ပါကစ္စတန် အတိုက်အခံညွှန့်ပေါင်း PDM က ဘနာဇီယာဘူတို သေဆုံးခြင်းနှစ်ပတ်လည်နေ့ စီတန်းလှည့်လည်

ပါကစ္စတန် အတိုက်အခံညွှန့်ပေါင်း PDM က ဘနာဇီယာဘူတို သေဆုံးခြင်းနှစ်ပတ်လည်နေ့ စီတန်းလှည့်လည်

ဒီဇင်ဘာ ၂၈ ၊ ၂၀၂၀

UNI-  ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို သေဆုံးခဲ့ရသည့် ၁၃ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ၁၁ ပါတီပါဝင်သည့် အတိုက်အခံမဟာမိတ်ညွှန့်ပေါင်းအဖွဲ့ဖြစ်သော ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှု (PDM)သည် ဆစ်ဒ်ပြည်နယ် လာကနမြို့တွင် စုဝေးမှု ပြုလုပ်ခဲ့သည်။

လာကနမြို့သည် သူမ၏ ဖခင် ဇူလ်ဖီကာ အလီ ဘူတို ဘေးတွင် ဘနာဇီယာ အား မြှုပ်နှံထားသည့် နေရာဖြစ်သည်။
 
ပါကစ္စတန် တပ်မတော်ကိုရည်ညွှန်း၍ ဂျမီယတ် အူလီမာ-အီ-ပါကစ္စတန် (JUP) ခေါင်းဆောင် အဝါရာဇ် နိုးရာနီ က ပြောကြားရာတွင်  PDM အနေဖြင့် အင်စတီကျူးရှင်းအားလုံး အထိန်းအသိမ်းအကန့်အသတ်ဖြင့် လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဘယ်သူ့ကိုမှ မတိုက်ခိုက်ချင်ဘူး။ ကိုယ့်အကန့်နဲ့ ကိုယ်နေပြီးတော့ လူတွေ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါလေ့စေ”ဟု သူက ဆိုကာ PDM သည်လည်း လွတ်လပ်ပြီး မျှတသော ရွေးကောက်ပွဲကို အလိုရှိကြောင်း ပြောကြားခဲ့သည်။
 
JUI-F၏  မူလနာ အဗ္ဗဒူလ် ဂဖော ဟိုင်ဒါရီ က အစိုးရသည် စီးပွားရေးအား လွဲမှားစွာစီမံခန့်ခွဲကာနှင့် အတိုက်အခံခေါင်းဆောင်များ၏ ဂုဏ်သိက္ခာအား ဖျက်စီးရန် လုပ်ဆောင်နေစေသည်ဟု ပြောဆို ဝေဖန်တိုက်ခိုက်ခဲ့သည်။

“သူတို့လောက် သူရဲဘောကြောင်တဲ့ ခေါင်းဆောင်တွေ မတွေ့ဖူးဘူး။ သူတို့က ပါကစ္စတန်မှာ လူများစုမဟုတ်သလို နိုင်ငံကိုလည်း ပျက်စီးခြင်းဆိုက်အောင် လုပ်ဆောင်နေတယ်။ သူတို့ရဲ့ မူဝါဒတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေလည်း ထွက်ပြေးကုန်ပြီ”ဟု သူက ပြောသည်။

PDM သည် အသုံးမကျသော ရုပ်သေးရုပ် ရွေးချယ်ခံ အစိုးရအား အိမ်သို့ ပြန်မပို့နိုင်မချင်း ရပ်နားရန်မရှိကြောင်း သူက ကတိသစ္စာပြုခဲ့သည်။

PML-N ဒုဥက္ကဌ မာယမ် နဝက်ဇ် သည် ဘနာဇီယာဘူတို အား လေးနက်စွာ ဂုဏ်ပြုခဲ့သည်။
သူမက “ ဘနာဇီယာဘူတို  က ဒီနိုင်ငံအတွက် ရဲဝံ့စွာ အသက်ပေးခဲ့တယ်။ သူမရဲ့ နှစ်ပတ်လည်ကို တက်ရောက်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ဘနာဇီယာဘူတို  သည် ၂၀၀၇ ဒီဇင်ဘာ ၂၇ ရက်နေ့က ရာဝါလ်ပင်ဒီတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုမှတစ်ဆင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly