ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေမြို့တွင်ကျင်းပ

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေမြို့တွင်ကျင်းပ

ကုလသမဂ္ဂ ကလေးသူငယ်အခွင့် အရေးဆိုင်ရာနေ့ဖြစ်သည့် နိုဝင်ဘာ ၂၀ရက်နေ့တွင် ၂၆ ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ဦးဥတ္တမခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Save the Children အဖွဲ့မှ ဦးဆောင်ကာတခြားလူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများနှင့် စစ်တွေမြို့ပေါ်မှ ကလေးသူငယ်များက မိဘများနှင့်အတူတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး အစရှိသည့် အဖက်ဖက်မှချို့ယွင်းနေမှုများ ကို ကာကွယ်တားဆီးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး   ပြည်နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဌ ဦးကိုကိုနိုင်က ယင်းအခမ်းအနားတွင် ပြောကြားသည်။

စစ်တွေမူကြိုကလေးငယ်များ၊ ဆတ်ရိုးကျစခန်းမှ ကလေးငယ်များ၊အမှတ်(၁၇)ရေတပ် ကိုယ့်အားကိုယ်ကိုး မူကြိုကလေးငယ်များ၊လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေကလေးပြုစုရေးဌာနမှ ကလေးငယ်များ၊ စိန်အဲ၊ရွှေရည်ဦး၊ ရွှေပျိုးခင်း စသည့် ပုဂ္ဂလိက မူကြိုကျောင်းများမှ ကလေးငယ်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဆတ်ရိုးကျစခန်းမှ ကလေးငယ်များက“ လွှဲမှားခြင်း ” ဟူသော   ခေါင်းစဉ်ဖြင့် ပညာပေးပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

ကုလသမဂ္ဂကလေးသူပငယ် အခွင့်အရေးများဆိုင်ရာနေ့ကို ၁၉၅၄ ခု၊ နိုင်ဝင်ဘာလ ၂၀ရက်နေ့တွင် သတ်မှတ်ပေးခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံမှကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကြေငြာစာတမ်းကို သဘောတူပြဌာန်းခဲ့ကာ၁၉၈၉ ခု နိုဝင်ဘာလ ၂၀ ရက်နေ့ကို  ကလေးသူငယ်အခွင့် အရေး များဆိုင်ရာသဘောတူစာချုပ်နေ့အဖြစ် သဘောတူပြဌာန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly