ဟောင်ကောင်၌ ဧည့်သည်များအတွက် ရောဂါခြေချုပ် ၂၁ ရက် ထပ်တိုး 

ဟောင်ကောင်၌ ဧည့်သည်များအတွက် ရောဂါခြေချုပ် ၂၁ ရက် ထပ်တိုး 

ဒီဇင်ဘာ ၂၅

ဟောင်ကောင်သည် တရုတ်ပြင်ပမှဖြစ်သော ဧည့်သည်အားလုံးအတွက် ရောဂါခြေချုပ် ကွာရန်တင်းထားရှိခြင်းကို သောကြာနေ့မှ စတင်ကာ ခုနစ်ရက်မှ ၂၁ ရက်အထိ သက်တမ်းတိုးပြီးပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် ကူးစက်ပျံ့နှံ့ခြင်းမှ တားဆီးနိုင်ရန် ခြေလှမ်းအဖြစ် အားထုတ်ကြိုးပမ်းလာခဲ့သည်။ 

အာဏာပိုင်များသည် တောင်အာဖရိကတွင် နေထိုင်ခဲ့သူ ပြည်သူအားလုံးကို ၂၁ ရက်အတွင်း လာရောက်ခွင့်ကိုလည်း တားမြစ်ထားသည်။ 

ဟောင်ကောင်သည် တနင်္လာနေ့မှစတင်ကာ ဗြိတိန်မှ လာရောက်သည့် လေယာဉ်အားလုံးကို တားမြစ်ထားပြီးဖြစ်သကဲ့သို့ ဗြိတိန်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် ကူးစက်ခဲ့ဖွယ်ရှိသည့် ကျောင်းသားနှစ်ဦး ရောက်ရှိလာကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

သောကြာနေ့ညလယ်က ထုတ်ပြန်ချက်တွင် ဟောင်ကောင်သို့ မလာရောက်မီ ၂၁ ရက်အတွင်း တရုတ်ပြင်ပ နေရာများတွင် နေထိုင်ခဲ့သူများအနေဖြင့် သတ်မှတ်ထားသော ကွာရန်တင်းဟိုတယ်များတွင် ယာယီ ၂၁ ရက် ရောဂါခြေချုပ် ဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

“နိုင်ငံတွေမှာ ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးအခြေအနေ စိုးရိမ်ဖွယ် အပြောင်းအလဲကြောင့် အစိုးရအနေနဲ့ လက်ငင်းလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ၁၄ ရက်ထက်ကြာတဲ့ ဗိုင်းရပ်စ် ပေါက်ဖွားချိန်မျိုးရှိတဲ့ ကိစ္စရပ်တွေမှာ ဘယ်လို ကူးစက်မှုမျိုးမှ အဖြစ်မခံဖို့ လိုပါတယ်။”ဟု အစိုးရပြောခွင့်ရသူတစ်ဦးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly