မိုဘိုင်းဖုန်းထုတ်လုပ်မှုတွင် တရုတ်အား ကျော်တက်ရန် အိန္ဒိယအား တွန်းအားပေး

 မိုဘိုင်းဖုန်းထုတ်လုပ်မှုတွင် တရုတ်အား ကျော်တက်ရန် အိန္ဒိယအား တွန်းအားပေး

ဒီဇင်ဘာ ၁၈ ၊ ၂၀၂၀

ပြည်ထောင်စုဝန်ကြီး ရာဗီရှန်ကာပရာဆတ်က အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူဖြစ်လာကြောင်းနှင့် တရုတ်အားကျော်တက်ရန် ရည်မှန်းထားကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ၂၀၁၄ မှာ အာဏာရခဲ့တုန်းက အိန္ဒိယမှာ မိုဘိုင်းစက်ရုံ ၂ရုံပဲ ရှိခဲ့တယ်။ အခုတော့ ၂၆၀ ကျော်ရှိနေပြီ။ အိန္ဒိယက ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်သူ ဖြစ်လာပြီ။ အခု တရုတ်ကို ကျော်တက်နိုင်ဖို့ တွန်းအားပေးနေတယ်။ အဲ့ဒါက ကျွန်တော့် ပန်းတိုင်ဖြစ်ပြီး ရအောင် ဖော်ဆောင်သွားမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးက FICCI ၏ ၉၃ကြိမ်မြောက် နှစ်စဉ်အထွေထွေအစည်းအဝေးကို ဗီဒီယိုကွန်းဖရင့်မှတစ်ဆင့် ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ အလွန်ကာလ၌ စီးပွားရေးပြန်လည်ရှင်သန်ရန်အတွက် ICT ၏ ကြီးကြပ်မှုအား မြှင့်တင်ခြင်းအကြောင်း ပြောရာတွင် ရာဗီရှန်ကာက “ကျွန်တော်တို့ စိတ်ကူးပုံဖော်၊ အဆုံးသတ်ပြီး၊ စတင်အသုံးပြုထားတဲ့ Digital India ဂေဟစနစ်က ကိုဗစ်ရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ အနေအထားကောင်းတစ်ခုကို ဖန်တီးပေးနေတယ်။ ရိုးရိုးပြောရရင် Digital India က နည်းပညာစွမ်းအားနဲ့ သာမန်အိန္ဒိယန်တွေရဲ့ စွမ်းအားမြှင့်တင်ပေးဖို့ ဒီဇိုင်းဆွဲထားတာဖြစ်တယ်”ဟု ပြောခဲ့သည်။

ရာနှင့်ချီသော အစိုးရအစီအမံများမှတစ်ဆင့် လွန်ခဲ့သော ၅နှစ်ခွဲအတွင်း ဆင်းရဲသားများ၏ ဘဏ်အကောင့်များထဲသို့ ရူပီး ၁၃,၀၀၀,၀၀၀ကုဋေ နီးပါး ထည့်ပေးခဲ့ကြောင်း သူက ဆက်လက်၍ ပြောကြားခဲ့သည်။ “အစိုးရအစီအမံ ၄၄၀မှာ ကျွန်တော်တို့က လွန်ခဲ့တဲ့ ၅နှစ်ခွဲအတွင်း MENREGA ပေးချေမှု၊ သဘာဝဓာတ်ငွေ့ ဆက်သွယ်ထောက်ပံ့ငွေနဲ့ အစားအစာ ထောက်ပံ့မှု စတာတွေကနေ ဆင်းရဲသားတွေရဲ့ ဘဏ်အကောင့်ထဲ ရူပီး ၁၃,၀၀၀,၀၀၀ ကုဋေခန့် ပေးပြီးပြီ။ ပြီးတော့ ကြားပွဲစားတွေက ဖြတ်စားလေ့ရှိတဲ့ ရူပီး ၁,၇၀၀,၀၀၀ ကုဋေ ခန့်ကို ချွေတာနိုင်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။

“အိန္ဒိယမှာ လူဦးရေ ၁.၃ ဘီလီယံ၊ မိုဘိုင်းဖုန်း ၁.၂ ဘီလီယံနဲ့ Aadhaar ကဒ် ၁.၂၆ ဘီလီယံ ရှိတယ်။ ဒါတွေအားလုံးကို Jan Dhan အကောင့်နဲ့ မြှင့်တင်ပေးလိုက်ခြင်းအားဖြင့် လူမှုဖူလုံရေး ဖြန့်ဝေမှုစနစ်ကို ဖန်တီးခဲ့တယ်”
Digital India လှုံ့ဆော်မှုမှ ရသော အကျိုးကျေးဇူးများအကြောင်း ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ စိတ်ကူးထားခဲ့တဲ့ Digital India ရဲ့ ပါဝင်မှုပုံစံက ဘာကြားခံလူမှမပါပဲ ဒီဂျစ်တယ်ပို့ဆောင်မှုကတစ်ဆင့် သာမန်လူထုရဲ့ နေ့စဉ်ဘဝတွေကို အပြည့်အဝ ရောက်ရှိနိုင်တယ်”ဟု ပြောခဲ့သည်။

“ကိုဗစ် ဖြစ်လာတဲ့အချိန်မှာ စိန်ခေါ်မှုအကြီးကြီး တွေ့ခဲ့ရတယ်။ ပြီးတော့ အိမ်ကနေ အလုပ်လုပ်ဖို့ အကြံရခဲ့ကြတယ်။ စည်းမျည်းစည်းကမ်း လိုအပ်ချက်တွေ၊ ဘဏ္ဍာရေး လိုအပ်ချက်တွေ အများကြီး ရှိခဲ့တယ်။ အဲ့တာတွေ အကုန်ဖယ်ရှားဖို့ ပြောခဲ့တယ်။ ဒီနေ့မှာတော့ အိန္ဒိယရဲ့ IT နယ်ပယ်ရဲ့ ၈၅ရာခိုင်နှုန်းက အိမ်ကနေပဲ အလုပ်လုပ်ကြတယ်”ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly