ကမ္ဘာ့ပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်သည့် အရည်အသွေးကောင်း စိန်ကြီးကို ဘော့ဝါနာနိုင်ငံတွင် တူးဖော်ရရှိကြောင်း Lucara Diamond ကုမ္ပဏီက ပြောသည်။
မြို့တော် ဂါဘော်ရွန်းမှ မြောက်ဖက် ကီလိုမီတာ ၅၀၀ အကွာတွင်ရှိသည့် Karowe မိုင်းတွင်းတွင် ကာရတ် ၁၁၁၁ ကာရတ်ရှိ စိန်ပွင့်ကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံတွင်း အကြီးဆုံးစိန်ပွင့်ကြီးဖြစ်ပြီး ရာစုနှစ်ချီအတွင်း အကြီးကျယ်ဆုံး တူးဖော်တွေ့ရှိမှုဖြစ်သည်။
၁၉၀၅ ခုနှစ်က တောင်အာဖရိကတွင် ၃၁၀၆ ကာရတ်ရှိ စိန်ပွင့်ကြီးအား တူးဖော်တွေ့ရှိဖူးသည်။ ယင်းစိန်ကြီးကို ကိုးပွင့်ရအောင် ခွဲသွေးခဲ့ပြီး ယင်းစိန်ပွင့်အများစုမှာ ဗြိတိသျှတော်ဝင်သရဖူများတွင် ထည့်သွင်းမြုပ်နှံထားသည်။
"ကာရတ် ၁၀၀၀ ကျော်တဲ့ စိန်ကို တွေ့ရှိတာပါ။ ရာစုနှစ်တစ်စုကျော်လွန်ကာလအတွင်းမှာ အကြီးဆုံးစိန်ပွင့်ကြီးကို တွေ့ရှိထာပဲဖြစ်ပါတယ်။"ဟု Lucara Diamond မှ စီအီးအို ဝီလီယမ်လမ့်က ပြောခဲ့သည်။
Ref ; BBC