ဗြိတိန်အဆိုတော် အဒဲလ်၏ 25 တေးသီချင်း အယ်လ်ဘမ်သစ်သည် တရားဝင် ထွက်ရှိမည့် နိုဝင်ဘာ ၂၀ ရက်မတိုင်မီ အွန်လိုင်းတွင် ပေါက်ကြားခဲ့ကြောင်း နိုဝင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်သည်။ 25 တေးသီချင်း အယ်လ်ဘမ်သည် ဂရမ်မီဆုရှင် အဒဲလ်၏ လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထွက်ရှိသည့် တေးသီချင်းအယ်ဘမ် ဖြစ်သည်။
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့သော အဒဲလ်၏ 21 တေးသီချင်း အယ်လ်ဘမ်သည် ဂရမ်မီဆု ခြောက်ဆု ရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ သန်း ၃၀ ကျော် ရောင်းချခဲ့ရကြောင်းနှင့် 25 တေးသီချင်း အယ်လ်ဘမ်သစ်ကို ၂၀၁၅ ခုနှစ်၏ ရောင်းအားအကောင်းဆုံး တေးသီချင်းအယ်လ်ဘမ် ဖြစ်လာ ရန် မျှော်မှန်းထားသည်။
အဒဲလ်၏ ပရိတ်သတ်တစ်ဦးက 25 တေးသီချင်း အယ်လ်ဘမ် စီဒီနှင့်ဆင်တူသော ဓာတ်ပုံ တစ်ပုံကို နိုဝင်ဘာ ၁၇ ရက်ကက တွစ်တာတွင် တင်ခဲ့ပြီး Target စတိုးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထား သည်။
25 တေးသီချင်းအယ်လ်ဘမ်မှ သီချင်းအပုဒ်ရေ ၁၁ ပုဒ်လုံးကို နှစ်မိနစ်စာဖြင့် ဗြိတိန်အွန် လိုင်း စတိုးမှတစ်ဆင့် နိုဝင်ဘာ ၁၇ ရက်နှောင်းပိုင်းက ထုတ်လွှင့်ခဲ့ပြီး link ကို နိုဝင်ဘာ ၁၈ ရက်က ဖြုတ်ချ ခဲ့သည်။
25 တေးသီချင်း အယ်လ်ဘမ်ကို မြောက်အမေရိကတစ်ခုတည်းတွင် ပထမသီတင်းပတ်အ တွင်း ၁ ဒသမ ၈ သန်း ရောင်းချနိုင်ရန်ရန် ဘေလ်ဘုတ်မဂ္ဂဇင်းက ပြီးခဲ့သည့်လက ခန့်မှန့်ထားသည်။
25 တေးသီချင်းအယ်လ်ဘမ်မှ ပထမဆုံး တစ်ကိုယ်တော် တေးဂီတဗီဒီယို Hello တေးသီချင်းသည် ပြီးခဲ့သည့်လက တရားဝင် ထုတ်လွှင့်ခဲ့ပြီးနောက် ဒစ်ဂျစ်တယ် တေးသီချင်း ရောင်းချရမှုမှတ်တမ်း စံချိန်တင်ခဲ့သည်။
25 တေးသီချင်းအယ်လ်ဘမ်မှ ဒုတိယတေးသီချင်းအဖြစ် When We Were Young တေးသီချင်းကို နိုဝင်ဘာ ၁၇ ရက်က ထုတ်လွှင့်ခဲ့ရာ Vevo အွန်လိုင်း တေးသီချင်း ဝန်ဆောင်မှုတွင် ကြည့်ရှုသူ ၇ သန်းကျော် ရှိခဲ့သည်။