ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုဝါဝေါင် ထောင်ဒဏ် ၁၃ လကျော်ချမှတ်ခံရ 

ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှုဝါဝေါင် ထောင်ဒဏ် ၁၃ လကျော်ချမှတ်ခံရ 
Photo - AFP

ဒီဇင်ဘာ ၃

ထင်ရှားသောဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဂျိုရှုဝါ ဝေါင် အား ၂၀၁၉ ခုနှစ်အတွင်းဥပဒေနှင့်မညီသောအစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကြောင့် ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၁၃ လကျော် ချမှတ်ခဲ့သည်။အဆိုပါထောင်ဒဏ်သည်ယခုနှစ်အတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအား ချမှတ်ခဲ့သောပြစ်ဒဏ်များတွင်အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်။ 

ဝေါင် အားပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ ဝေဖန်သူများက တရုတ်အစိုးရကကျောထောက်နောက်ခံပြု ပေးထားသောအစိုးရသည်ဟောင်ကောင်တွင်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကိုအရှိန်မြှင့်ပြီးနှိမ်နင်း လျက်ရှိသည်ဟုပြောကြားခဲ့သည်။ 

တရားရုံး၏ပြစ်ဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ် မှ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများအပေါ်နှိမ်နင်းသည့်လုပ်ရပ်များအားရပ်တန့်ရန်  ဟောင်ကောင်နှင့် တရုတ် အစိုးရတာဝန်ရှိသူများအားတိုက်တွန်းပြောကြားခဲ့သည်။ 

“နောင်လာမယ့်ရက်တွေဟာခက်ခဲကြမ်းတမ်းတော့မယ်ဆိုတာကျွန်တော်သိတယ်။ ကျွန်တော်တို့ အဲဒီမှာ ပဲ ကြိုးပေးခံရလိမ့်မယ်” ဟု ဝေါင်က ပြောကြားခဲ့သည်။ ပြစ်ဒဏ်ချမှတ်သည့်အမိန့်စာအားဖတ်ပြခဲ့ပြီး သည့်နောက် ဝေါင် ကယခုကဲ့သို့အော်ဟစ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ဒါကတိုက်ပွဲရဲ့နိဂုံးမဟုတ်သေးဘူး” ဟု ဝေါင် ကနောက်ပိုင်းတွင်၎င်း၏ရှေ့နေများမှတစ်ဆင့်ပြောကြား ခဲ့သည်။ 

“ရှေ့လျှောက်နောက်ထပ်စစ်မြေပြင်တွေရှိသေးတယ်။ အခုကျွန်တော်တို့နဲ့ရဲရင့်တဲ့ဆန္ဒပြသူတွေပူးပေါင်း ပြီးထောင်ထဲမှာတိုက်ပွဲဝင်ကြပြီ၊ ဟောင်ကောင်လွတ်လပ်ရေးနဲ့ဒီမိုကရေစီရေးအတွက်အရေးအပါဆုံးက တိုက်ခိုက်ကြဖို့ဆိုတာသိသာနေပြီ” ဟု ဝေါင် ကပြောကြားခဲ့သည်။ 

ဝေါင် နှင့်ကာလရှည်ကြာစွာရဲဘော်ရဲဘက်ဖြစ်ကြသည့် အန်းချို (၂၃ နှစ်) နှင့် အိုင်ဗန်လမ် (၂၆ နှစ်) တို့သည်လည်းထောင်ဒဏ်  ၁၀ လ နှင့် ၇ လ အသီးသီးချမှတ်ခံကြရသည်။ ၎င်းတို့သည် ဇွန်လ ၂၁ ရက် နေ့ကရဲတပ်ဖွဲ့ဌာနချုပ်အားဆန္ဒပြသူထောင်ပေါင်းများစွာဖြင့်ဝန်းရံကာ တရားခံများကိုတရုတ် သို့ လွှဲပြောင်းပေးနိုင်သည့်ဥပဒေကြမ်းပြဌာန်းရန်ကိစ္စအားကန့်ကွက်ပြီး အစိုးရနှုတ်ထွက်ပေးရန်တောင်း ဆိုခဲ့မှုနှင့်ဆက်နွယ်ကာပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။  

လူ့အခွင့်အရေးအဖွဲ့များမှလည်းတရားရုံး၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှုး ယာမိနီ မိရှရာ မှ” ဟောင်ကောင်ကထင်ရှားကျော်ကြားတဲ့လှုပ်ရှားသူကိုပစ်မှတ်ထားခြင်းအားဖြင့် နောင်လာ မယ့်အစိုးရဆန့်ကျင်သူဘယ်သူမဆိုလည်းဒီလိုပဲပြစ်ဒဏ်ခံရလိမ့်မယ်ဆိုပြီးအာဏာပိုင်တွေကသတိပေး လိုက်တာဖြစ်တယ်” ဟုပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly