ဒေါပုံတံတားဟောင်းကို အပန်းဖြေ ပန်းခြံတံတားအဖြစ် ပြောင်းလဲပြင်ဆင်

By ဗညားဇော်
25 November 2020
ဒေါပုံတံတားဟောင်းကို အပန်းဖြေ ပန်းခြံတံတားအဖြစ် ပြောင်းလဲပြင်ဆင်
ဓာတ်ပုံ - ဗညားဇော်/မဇ္ဈိမ

နိုဝင်ဘာ၊  ၂၅ ၊ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်ချောင်းပေါ်မှ ဖြတ်၍ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ဒေါပုံတံတားဟောင်းကို အပန်းဖြေ ပန်းခြံတံတားအဖြစ် ပြောင်းလဲ ပြုပြင်တည်ဆောက်နေစဉ်။

 

ဓာတ်ပုံ - ဗညားဇော်/မဇ္ဈိမ

ဂျပန်အစိုးရ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခဲ့သော တံတားသစ်ကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ပြီးနောက် တံတားဟောင်းကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဒေါပုံတံတားသစ် ပြီးစီးချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တံတားဟောင်းကို ဖျက်သိမ်းရန် ကနဦး စီစဉ်ထားသော်လည်း ယခုအခါ အပန်းဖြေ ပန်းခြံတံတားအဖြစ် ပြောင်းလဲ ပြုပြင်နေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required