ပြည်သူတွေကြားထဲက ကိုဗစ်ထောက်ပံ့ငွေပြဿနာ

ပြည်သူတွေကြားထဲက ကိုဗစ်ထောက်ပံ့ငွေပြဿနာ

နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို လေးကြိမ်မြောက်အဖြစ် ကိုဗစ်ထောက်ပံ့ငွေပေးအပ်ရာမှာ အငြင်းပွားမှုတွေ၊ လူစုလူဝေးနဲ့ တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာကြောင့် ထောက်ပံ့ငွေမရဘဲ ကျန်ခဲ့သူတွေ တိုင်ကြားဆွေးနွေးနိုင်ဖို့ တိုင်ကြားစာဖြေရှင်းရေးဌာနတွေကို အစိုးရက ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဌာနဆီ နေ့စဉ်ဖုန်းဆက်တိုင်ကြားသူတွေအများအပြားရှိနေပြီး သူတို့ရဲ့ အခက်အခဲတွေကို ဆွေးနွေးညှိနှိုင်းပေးနေတယ်လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ တိုင်ကြားစာဖြေရှင်းရေးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်လေးသွယ်က မဇ္ဈိမကို ပြောပါတယ်။

တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly