ရန်ကုန်၊နိုဝင်ဘာ ၁၈ ။ ။ အစိုးရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် စစ်ဘေးဒုက္ခသည် ဦးရေသောင်းချီ တိုးပွားလာကြောင်း ရှမ်းပြည်တိုးတတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ထုတ်ပြန်ချက်အရသိရသည်။
စစ်ပြေးဒုက္ခသည်များသည် တိုက်ပွဲပြင်းထန်လာသောကြောင့် အိုးအိမ်များ လယ်ယာမြေများကို စွန့်ပစ်ရွေ့ အိမ်းလုံးကျွတ် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လယ်သမားများ လည်းကောက်ရိတ်သိမ်းနိုင်မှု့မရှိဘဲ ထောင်နှင့်ချီသော ကျောင်းသားများသည်လည်း ကျောင်းမတတ်နိုင်ဘဲ အခွင့်ရေးဆုံးရှုံးနေရကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုဝင်ဘာ ၁၈ ယနေ့ မနက်လေးနာရီခန့်က ရှမ်းပြည်တပ်မတော် SSPP/SSA ကျူမောက်စခန်းဘက်မှ လက်နက်ကြီးဖြင့် လေးချက်ခန့်ပစ်ခေတ်ခဲ့ပြီး ပန်ဝိုးရွာအနီး ကောင်းမှူးရတိုက် တွင် နှစ်ဘက် တိုက်ပွဲပြင်းထန်နေကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
နိုဝင်ဘာ ၁၇ရက်က တပ်မတော်ဘက်မှ ဂျက်လေယာဉ် ၄ စီးဖြင့် နေ့လယ် တစ်နာရီခန့်မှ စပြီး သုံးနာရီကြာဗုံးကျဲတိုက်ခိုက်ခဲပြီး ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က ဝမ်ဟိုင်းအရှေ့ဘက်ရှိ ကျူမောက်ခေါင် စခန်း လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နိုဝင်ဘာလ ၁၆ ရက်တွင်တပ်မတော်ဘက်မှ ဂျက်တိုက်လေယဉ်နှစ်စီး၊ ဟယ်ရီကော်ပရာ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မိုင်းရှူးမြို့နယ် ဝမ်ဆော့ရွာတောင်ဘက်ရှိ SSPP/SSA မှအခြေကုပ် ယူထားသည့် နေရာများသို့ မိုးချုပ်သည်အထိအကြိမ်ကြိမ်ချီတတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။