တိုင်းရင်းသားပါတီများကို အိတ်ဖွင့်စာပို့ခြင်းက ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေကို ပြောင်းလဲဖို့ ခြေလှမ်းခြင်း ဖြစ်  

တိုင်းရင်းသားပါတီများကို အိတ်ဖွင့်စာပို့ခြင်းက ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေကို ပြောင်းလဲဖို့ ခြေလှမ်းခြင်း ဖြစ်  

တိုင်းရင်းသား ပါတီတွေဆီကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအရေး ပူးပေါင်းပါဝင်ဖို့ အိတ်ဖွင့်စာ ပေးပို့တာဟာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ ခြေလှမ်း စတင်ခြင်း ဖြစ်တယ်လို့ NLD ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုလိုက်ပါတယ်။   

“ကျွန်တော်တို့ အခု အစိုးရအသစ် ဖွဲ့တော့မယ်ဆိုရင် ၂၀၂၀ အပြည့်လွန်ကာလ အစိုးရအဖွဲ့က အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မှ ဖြစ်တော့မယ်။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကနေမှ ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲနိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက် ခြေလှမ်း လှမ်းလိုက်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ မုံရွာအောင်ရှင်က ပြောပါတယ်။    

တည်းဖြတ် / တင်ဆက် - ဆုမြတ်မေဇော် 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly