USDPပါတီဝန်းရံသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့သည်ဆိုသည့် ပါတီပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက် မှားယွင်းဟု ဒေသခံများပြောဆို

USDPပါတီဝန်းရံသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့သည်ဆိုသည့် ပါတီပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက် မှားယွင်းဟု ဒေသခံများပြောဆို

ပေါက်ခေါင်းမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဝန်းရံသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ် ခဲ့သည်ဆိုတဲ့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့မှုသည် မှားယွင်းနေ ကြောင်း ဒေသခံများက ပြောဆိုပါတယ်။

ပေါက်ခေါင်းမြို့မှာ လူစုဝေးကနေတာကို ပြည်ခိုင်ဖြိုးပါတီဝန်ရံသူတဦးက ဝင်ရောက်တားမြစ်တဲ့နေရာမှာ လူတစုကဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ခဲ့တယ်ဆိုပြီး နိုဝင်ဘာ၁၂ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲမှာ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုခဲ့တာပါ။

ရိုက်ကူး / တည်းဖြတ် - ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required