မသန်စွမ်းမဲပေးမှုအပေါ် ကန့်ကွက်ခြင်းအတွက် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌအနေဖြင့် တောင်းပန်ရမည်

မသန်စွမ်းမဲပေးမှုအပေါ် ကန့်ကွက်ခြင်းအတွက် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌအနေဖြင့် တောင်းပန်ရမည်

မသန်စွမ်းမဲပေးခြင်းကို ကန့်ကွက်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဥက္ကဋ္ဌအနေနဲ့ အခုလို ကန့် ကွက်ခြင်းကို တရားဝင်ပြန်လည်တောင်းပန်ရမယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါ တယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ တရားဝင်ဖေ့စ်ဘုတ်ပေ့ချ်ကနေ နိုဝင်ဘာလ ၁၁ရက်နေ့ထုတ်ပြန်ကြေညာချက်ထဲမှာတော့  မကွေးတိုင်းဒေသကြီးအတွင်းထဲက စစ္စရံကျေးရွာမှာ စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူအား မဲပေးခွင့်ပြုခြင်းလို့ ဖော်ပြထားသလို နိုဝင်ဘာ ၁၂ရက်နေ့ထုတ်ပြန်ချက်ထဲမှာတော့ လားရှိုးမြို့နယ်မှာ NLD ပါတီရပ်ကျေးရုံးရှေ့မှာ မဲပေးခဲ့သူတွေထဲကမှ အချို့ကို မသန်မစွမ်း ၁၃ဦးလို့ သုံးနှုန်းဖော်ပြထားခြင်းတို့ကြောင့် အခုလို တောင်းပန်ဖို့ ပြောဆိုရခြင်းဖြစ်တယ်လို့လည်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောပါတယ်။ 

တည်းဖြတ် / တင်ဆက် - အုပ်မှူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly