ကွတ်ခိုင်မြို့နယ်မှာ မဲလိမ်လည်ပေးမှုတွေကို SNLD ပါတီ ထပ်မံ တိုင်ကြား  

ကွတ်ခိုင်မြို့နယ်မှာ မဲလိမ်လည်ပေးမှုတွေကို SNLD ပါတီ ထပ်မံ တိုင်ကြား  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က မဲရုံတချို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲ ကာလမှာ မဲလိမ်လည်ပေးမှုတွေကို အရေးယူထားတာ မရှိတာကြောင့် စစ်ဆေးအရေးယူပေးဖို့ အတွက် ရွေးကောက်ပွဲကော်မရှင် ပြည်နယ်ရုံးကိုပါ ထပ်မံ တိုင်ကြားထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကနေ သိရပါတယ်။   

SNLD က ကိုယ်စားလှယ်လောင်းတွေ ကွတ်ခိုင်မြို့နယ်က မဲရုံတွေမှာ ရွေးကောက်ပွဲနေ့က လိုက်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ လူစားထိုး မဲပေးတာတွေ၊ အသက်မပြည့်ဘဲ မဲလာပေးတာတွေ၊ ဆန္ဒမဲပေးပြီးသား မဲစလစ်ပြားနဲ့ မဲထပ်ပေးတာတွေကို တွေ့ရှိခဲ့ရတယ်လို့ SNLD ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။  

တည်းဖြတ် / တင်ဆက် - ဆုမြတ်မေဇော်  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly