နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အမိန့် ချမှတ်လိုက်ပါတယ်။
နှင်းဆီပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၇ အရ ပါတီကိုလည်း အောက်တိုဘာ ၁၇ ရက်နေ့က ဖျက်သိမ်းကြောင်း ကြေညာခံထားရတဲ့ပါတီဖြစ်ပါတယ်။
ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article...