နိုဝင်ဘာလ ၈ ရက်နေ့အထွေထွေရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အစိုးရဖွဲ့နိုင်တဲ့ရာခိုင်နှုန်းအရ တိုင်းနဲ့ပြည်နယ်တွေမှာ မဲအပြတ်အသတ်နဲ့ နိုင်ခဲ့တာကြောင့်ထောက်ခံသူတွေဟာ ရွေးကောက်ပွဲပြီးဆုံးလို့ သုံးရက်မြောက်အထိ အောင်ပွဲတွေကျင်းပနေကြပါတယ်။
နိုဝင်ဘာ ၁၁ရက်နေ့မှာလည်း ပဲခူးတိုင်း ပြည်မြို့နယ်မှာလည်း အောင်ပွဲခံပွဲကို ပြည်တက္ကသိုလ်ကျောင်းရှေ့မှာ NLDစတစ်ကာတွေကပ်ထားတဲ့ အိမ်စီးကားတွေ ယိမ်းကားတွေ ဆိုင်ကယ်တွေနဲ့ စတင်ထွက်ခွာပြီး ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့အထိ စုရုံးလာခဲ့ကျခဲ့ပါတယ်။ နေ့လည်၂နာရီဝန်ကျင်မှာတော့ ပြည်မြို့နယ် NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦးကဦးဆောင်ပြီး ဖဲကြိုးဖြတ်ကာ ပြည်သူတွေက မိုးပျံဗူဘောင်းရ၅၀၀ကျော်လွှတ်တင်ခဲ့ကြပါတယ်။
ရိုက်ကူး / တည်းဖြတ် - ဟန်ထူးဇော်