ကယားပြည်နယ်မှာ လက်ရှိ အာဏာရပါတီနဲ့ တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီ ၁၂ခုက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ မြို့နယ် ၇ခုက လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ်အားလုံး မဲရေတွက်အပြီး ရလဒ်တွေအရ NLDပါတီက ၁၆နေရာ၊ USDP ပါတီက ၅နေရာ၊ ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ kysdp က ၈နေရာ၊ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
တည်းဖြတ် / တင်ဆက် - ဆုမြတ်မေဇော်