တွန်းဇံ မဲဆန္ဒနယ် အမှတ်(၂)တွင် နည်းပညာအားနည်းချက်ကြောင့် မဲစာရင်းရေတွက်မှုမှားယွင်း

တွန်းဇံ မဲဆန္ဒနယ် အမှတ်(၂)တွင် နည်းပညာအားနည်းချက်ကြောင့် မဲစာရင်းရေတွက်မှုမှားယွင်း

ချင်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂)မှာ မဲပေးခွင့်ရှိတဲ့ လူဦးရေ ထက်ပိုတဲ့ မဲအရေအတွက်တွေ ဖြစ်နေကြောင်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်ဟာ မဲအရေအတွက် စုစုပေါင်းစာရင်းကို ရေးသွင်းရာမှာ အမှားအယွင်းဖြစ်သွားတာကြောင့်  ဖြစ်ပြီး မဲမသမာမှု ပြုလုပ်တာမရှိဘူးလို့  ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော် က ပြောပါတယ်။

 အဲဒီမဲဆန္ဒနယ်က မဲရုံတစ်ရုံချင်းအလိုက် မဲစာရင်းအရေအတွက်ဟာ မှန်ကန်ပေမယ့် တစ်မြို့နယ်လုံး အတွက် စာရင်းချုပ်ဖို့ ကွန်ပြူတာအတွင်း ကိန်းဂဏန်းများ ရေးသွင်းရာမှာ ရေးသွင်းသူ ကွန်ပြူတာ စာရေးရဲ့ အားနည်းချက်ကြောင့် စုစုပေါင်းစာရင်းမှာ ကိုယ်စားလှယ်လောင်း ၅ ဦးရဲ့ မဲရလာဒ် အရေအတွက် ၂ ဆတိုးသွားတာဖြစ်တယ်လို့ ဦးလင်းကျော်က ပြောပါတယ်။

 တည်းဖြတ်  - ဇော်မင်းထွေး

တင်ဆက် - သီရိဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly