ရခိုင့်တပ်(AA)က ဖမ်းဆီးထားသည့် တောင်ကုတ်မြို့က  NLDပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲရှုံးနိမ့်

ရခိုင့်တပ်(AA)က ဖမ်းဆီးထားသည့် တောင်ကုတ်မြို့က  NLDပါတီကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲရှုံးနိမ့်

ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့နယ်နဲ့ ၁၅ မိုင်ခန့်ကွာဝေးတဲ့ ဖောင်းကားကျေးရွာမှာ သွားရောက်မဲဆွယ်နေစဉ် ရခိုင်တပ်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။

အဲ့ဒိတောင်ကုတ်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီ(ANP)က ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိသွားတာဖြစ် ပြီး တောင်ကုတ် ပြည်သူ့လွှတ်တော်နေရာအတွက် ANP မှ ဒေါ်လှသက်စိုး က NLD မှ ဒေါ်နီနီမေမြင့်ကိုလည်း ကောင်း၊ တောင်ကုတ်အမျိုးသားလွှတ်တော်နေရာအတွက် ANP မှကိုယ်စားလှယ်လောင်းက  NLD မှ ဒေါ်ချစ်ချစ်ချောကို လည်းကောင်း၊ပြည်နယ်လွှတ်တော်အမှတ်(၁)နေရာအတွက် ANP ပါက ဦးမောင်သန်းလွင့် မှ NLDက ဦးဝင်းမြင့်ကို အနိုင်ရရှိခဲ့သလို ပြည်နယ်လွှတ်တော် အမှတ်(၂) နေရာအတွက် ANP မှ ဒေါ်ခင်မျိုး ယဉ်က NLD မှ ဦးမင်းအောင်ကို အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒိတောင်ကုတ်မြို့နယ်မှာတော့ မဲဆန္ဒနယ် သုံးပုံနှစ်ပုံခန့်မှာ လုံခြုံရေးကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲမကျင်းပဖို့ ကြေညာထားတာကြောင့် မဲပေးသူ သိသိသာသာကျဆင်းသွားခဲ့ တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇော်မင်းထွေး

တင်ဆက် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly