ကယားပြည်နယ်အတွင်းက ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ

ကယားပြည်နယ်အတွင်းက ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ
Photo-ကယားပြည်နယ်ချစ်သူများအဖွဲ့

နိုဝင်ဘာ ၁၀ ၊ ၂၀၂၀

၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်  ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေလည်း အနိုင်ရရှိထားပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့  နိုင်ငံရေးပါတီတွေက အနိုင်ရရှိထားတဲ့ အမျိုး သမီးကိုယ်စားလှယ်လောင်းတွေဟာဆိုရင် ပြည်သူ့လွှတ်တော်နေရာအတွက် သုံးဦးရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် တစ်ဦးနဲ့ ပြည်နယ်လွှတ်တော်နေရာအတွက် နှစ်ဦးပဲဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နေရာအတွက် သုံးဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်ခင်စန်းဝင်း(ခ)ဒေါ် စန်းစန်းမြင့်က လွိုင်ကော် ပြည်သူ့လွှတ်တော်နေရာ၊ဒေါ်နန်းထွေးထွေးသူက ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာနဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)က မော်မိုးမြာက ရှားတော ပြည်သူ့လွှတ်တော်နေရာတို့ပဲဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါ်ခင်သန်း နုကတော့ ဒီးမော့ဆို အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၆ မှာပါ။

ပြည်နယ်အမှတ်(၂)နေရာအတွက် အနိုင်ရရှိထားတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဒေါ်ခင်မာဝင်းက ရှားတောမြို့နယ်မှာဖြစ်ပြီး ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)က ဒေါ်အယ်ဗလင်းကတော့ ဖရူဆိုမြို့နယ်က ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly