မြန်မာတစ်နိုင်ငံလုံးက မဲရုံ ၃၀ ရာခိုင်နှုန်းခန့်မှာ မဲဆန္ဒရှင်တွေ မဲစာရင်းမပါလို့ ပြန်သွားရ 

မြန်မာတစ်နိုင်ငံလုံးက မဲရုံ ၃၀ ရာခိုင်နှုန်းခန့်မှာ မဲဆန္ဒရှင်တွေ မဲစာရင်းမပါလို့ ပြန်သွားရ 

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မဲရုံတွေရဲ့ ၃၀ ရာခိုင်နှုန်းခန့်မှာ မဲစာရင်း နာမည်မပါလို့ ဆန္ဒမဲမပေးရဘဲ အိမ်ပြန်သွားရသူတွေ ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ဒီကနေ့ ပြုလုပ်တဲ့ ရွေးကောက်ပွဲနေ့ တွေ့ရှိချက်တွေကို အသေးစိတ် ရှင်းလင်းတင်ပြတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ 

ဒီ ၃၀ ရာခိုင်နှုန်းခန့်ရှိတဲ့ မဲရုံတွေမှာမှ မဲရုံတစ်ရုံကို အနည်းဆုံး လူဦးရေ တစ်ယောက်ကနေ အများဆုံး လူဦးရေ ၁၀ ယောက်အထိ မဲပေးခွင့် ဆုံးရှုံးခဲ့ရတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။  

စောင့်ကြည့်လေ့လာတဲ့ စနစ်မှာ ကန့်သတ်ချက် ရှိနေတာကြောင့် အရေအတွက် အတိအကျကိုတော့ မတွက်ချက်နိုင်ဘဲ လေ့လာစောင့်ကြည့်ပြီးတဲ့ အခြေအနေတွေအရ ပြောရတာ ဖြစ်တယ်လို့ ဦးစိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။ 

ရိုက်ကူး / တည်းဖြတ် - ဆုမြတ်မေဇော် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required