စိမ်းနေခဲ့သည့် ဇီးကုန်းတွင် အနီရောင်လွှမ်းသွား

စိမ်းနေခဲ့သည့် ဇီးကုန်းတွင် အနီရောင်လွှမ်းသွား

နိုဝင်ဘာ ၉ ရက်၊ ၂၀၂၀ ပြည့်နှစ်

၂၀၁၅ ခုနှစ်က လွှတ်တော်နေရာအားလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရခဲ့သော ဇီးကုန်းမြို့နယ်တွင် ယခုရွေးကောက်ပွဲမှာတာ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိသည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က တင်္နလာနေ့နံနက်က ကြေညာသည်။

ပြည်ခိုင်ဖြိုးဘက်မှ စစ်အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်   ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦဉာဏ်ဝင်းက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် NLD ပါတီကိုယ်စားပြုအနေဖြင့် အမျိုးသားလွှတ်တော်တွင် ဦးရဲမင်း၊ ပြည်သူ့လွှတ်တော်တွင် ဒေါက်တာသန်းအေး၊ တိုင်းဒေသကြီး (၁) တွင် ဒေါ်ခင်အေးရီ၊ တိုင်းဒေသကြီး (၂) တွင် ဦးမင်းသိုက် တို့ဝင်ရောက်အရွေးချယ်ခံရာ သူတို့အားလုံး အရွေးခံရသည်။

ဇီးကုန်းမြို့နယ်တွင် မဲရုံစုစုပေါင်း ၅၅ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ၅၇,၀၀၀ ကျော် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required