တကျော့ပြန် ဦးအယ်လ်ဖောင်းရှို

နိုဝင်ဘာ ၉

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအနေဖြင့် ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ကိုယ်စားပြုဝင်ပြိုင်ခဲ့ရာ ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိ ထားကြောင်း ၎င်း လူမှုကွန်ယက် စာမျက်နှာ တွင် တနင်္လာနေ့က ဖော်ပြထားသည်။

ဦးအယ်လ်ဖောင်းရှိုက “ ကျွန်တော် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှာတော့ (ကြိုတင် ဆန္ဒမဲနှင့် ဆန္ဒမဲများ) တွင် ခိုင်လုံမဲ ရရှိ မှု အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်သည့် ကျွန်တော့ အတွက် ထောက်ခံမှု (၇၄.၄%) ဖြင့် အနိုင်ရရှိခဲ့ပါတယ်”ဟု ရေးသား ဖော်ပြထားသည်။

ထို့အပြင် ကယားပြည်နယ်၊ မယ်စဲ့ မြို့နယ်တွင် အနီရောင် အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပြီး ၎င်းကို ယုံကြည် အားပေး ဝန်းရံထောက်ခံမှုကြောင့် ယခုလို အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ် ကြောင်းလည်း ဦးအယ်လ်ဖောင်းရှိုက ဆိုသည်။

မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် ကယားပြည်နယ် ဒီမိုက ရက်တစ် ပါတီ ( KySDP )၊ ရှမ်း တိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင် အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုး ဆောင် ပါ တီများကို ယှဉ်ပြိုင်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ယှဉ်ပြိုင်သည့် အတွေ့အကြုံများကို ယခင် ၂၀၁၅ ခုနှစ်က ရရှိခဲ့ပြီး တာဝန် ထမ်းဆောင်ချိန်တွင် နိုင်ငံရေးအတွေ့ အကြုံ၊ မိမိရဲ့ အားနည်းချက်၊ အားသာ ချက်တို့ကို ကောင်းစွာ သိမြင်ခဲ့ပြီးဖြစ်ကြောင်း ဦးအယ်လ် ဖောင်းရှိုက ဆိုသည်။

သူအနေဖြင့် အားနည်းချက်များကို အကောင်းဆုံးပြင်ဆင်ပြီး ပေးအပ်လာတဲ့ တာဝန်များ ကို ကျေပွန်အောင်ထမ်း ရွက်သွားမည်ဟု ၎င်းက ပြောသည်။

မဲယ်စဲ့မြို့နယ်တွင် မဲရုံ ၉ နေရာရှိပြီး မဲပေးခွင့်ရှိသူ ၅၂၇၅ ဦး ရှိသည်။ မယ်စဲ့မြို့နယ်သည် ထိုင်းနိုင်ငံ၊ မယ်ဟောင် ဆောင်ခရိုင်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ကယန်းတိုင်း ရင်း သားများအပါအဝင် ကရင် တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly