ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် လက်ရှိ ဧရာတိုင်းလွှတ်တော် ဥက္ကဋ္ဌ အနိုင်ရ

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် လက်ရှိ ဧရာတိုင်းလွှတ်တော် ဥက္ကဋ္ဌ အနိုင်ရ

နိုဝင်ဘာ ၉ ၊ ၂၀၂၀

ပြည်ခိုင်ဖြိုးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမဲဆန္ဒနယ် အမှတ် ၁ မှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း လက်ရှိ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အနိုင်ရ နေတယ်လို့ သိရပါတယ်။

အင်္ဂပူမြို့နယ်က လွှတ်တော် ၃ ရပ်လုံးအတွက် မဲဆန္ဒနယ်တွေမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိနေတယ်လို့ သိရပါတယ်။

အလားတူ ညောင်တုန်းမြို့နယ်မှာလည်း လွှတ်တော် ၃ ရပ်လုံးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရထားတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်းဒေသကြီးမှာ မဲပေးပိုင်ခွင့်ရှိသူ၄၆သိန်းကျော်ရှိပြီးမဲရုံပေါင်း၅၇၀၀ကျော် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required