မန္တလေးတိုင်းတွင် မြို့နယ်အများစုမဲရလာဒ်အရ NLD က အနိုင်ရရှိနေ

မန္တလေးတိုင်းတွင် မြို့နယ်အများစုမဲရလာဒ်အရ NLD က အနိုင်ရရှိနေ

နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတော့ မန္တလေးတိုင်းဒေ သကြီးအတွင်း မြို့နယ် ၂၈ရှိပြီးတော့ အဲဒီထဲက မြို့နယ်အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ က အနိုင်ရရှိနေတယ်လို့သိရပါတယ်။

လက်ရှိ မန္တလေးခရိုင် ခုနစ်မြို့နယ်ထဲမှာတော့ NLD ကထုတ်ပြန်ထားတဲ့စာရင်းတွေအရ ချမ်းအေးသာစံနဲ့ ချမ်းမြသာ စည်မြို့နယ်တွေမှာ လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလောင်းနေရာ တွေအားလုံး အနိုင်ရရှိထားပြီး ကျန်တဲ့ မြို့နယ်ထဲက အမရပူရမြို့နယ်ကတော့ မဲရေတွက်မှုမပြီးသေးပေမယ့် လက်ရှိအချိန်အထိကတော့ မဲရုံအား လုံးနီးပါးအနိုင်ရရှိထားတယ်လို့သိရပါတယ်။ 

ရိုက်ကူး - ထက်မြတ်

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - ကျော်ဇောဟိန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly