ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်အများစုတွင် NLD ပါတီက ဦးဆောင်

ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်အများစုတွင် NLD ပါတီက ဦးဆောင်
ဓာတ်ပုံ - တွီဒိမ်း

နိုဝင်ဘာ ၉ ၊ ၂၀၂၀

ချင်းပြည်နယ်က မဲဆန္ဒနယ် အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က အနိုင်ရရှိနေတယ်လို့ သိရပါတယ်။

ပြည်နယ်လွှတ်တော် ဟားခါးမဲဆန္ဒနယ်အမှတ်(၂)မှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နေရာ၊ တွန်းဇံမြို့နယ်မှာ Zomi Congress for Democracy (ZCD) မှာ ၂ နေရာ အနိုင်ရရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -  တွီဒိမ်း

ချင်းဒီမိုကရေစီအဖွဲ့ချုပ် CNLD အတွင်းရေးမှူး ဆလိုင်း ဗန်တင်လျန်က" CNLD ကနေ ဟားခါးမြို့နယ် ပြည်နယ် လွှတ်တော်အမှတ်-၂ ကနေ ဦးရှိန်မန်းကတော့ သေချာပေါ့နိုင်ပြီ၊ အမျိုးသားလွှတ်တော် နေရာက ဦးရိုဘင် ကတော့ မသေချာသေးဘူး။ ရှုံးနိုင်တဲ့အနေအထားမှာရှိနေတယ်" လို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ် (၃၉)နေရာရှိတဲ့ အနက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၃၆) နေရာအနိုင်ရနေပြီး ဒေသခံတိုင်းရင်းသားပါတီတွေက ၃နေရာသာ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly