နာမည်ကျော်ကြား ရှုံးနိမ့်သူများ

နာမည်ကျော်ကြား ရှုံးနိမ့်သူများ

မြန်မာ့နိုင်ငံရေးလောကမှာ လူသိထင်ရှားနာမည်ကျော်ကြားတဲ့ နိုင်ငံရေးပါတီတွေက ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့ နိုင်ငံရေးအရနာမည်ကျော်ကြားသူတွေထဲကတချို့ဟာ နိုဝင်ဘာလ ၈ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း  ရှုံးနိမ့်မှုတွေရှိခဲ့ပါတယ်။

နိုဝင်ဘာ ၉ရက်နေ့ မနက်ပိုင်းအထိရရှိထားတဲ့ နာမည်ကျော်ကြား ရှုံးနိမ့်သူတွေကတော့
ပြည်သူ့ရှေ့ ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်ဇေယျကတော့ ရန်ကုန်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်-၁၁ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ပြည်သူ့ပါတီဥက္ကဌဖြစ်တဲ့ ဦးကိုကိုကြီးကလည်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကဝင်ပြိုင်တဲ့ ပြည်သူ့ပါတီက ဦးနေယံဦးလည်း ရှုံးနိမ့်ခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် ပြည်နယ်အမှတ် ၂ မဲဆန္ဒနယ်ကဝင်ပြိုင်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)ဦးပလုရယ်
ကယန်းအမျိုးသားပါတီ(KNP)ဥက္ကဋ္ဌ ခွန်ဘီတူး၊ကယန်းအမျိုးသားပါတီ(KNP) ခွန်းမြင့်နိုင်တို့လည်း ရှုံးနိမ့်ခဲ့သလို
လူ့ဘောင်သစ်ပါတီက ဒေါ်အိသဉ္ဇာမောင် ၊တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်ဒေါက်တာအောင်မျိုးနဲ့
တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒအမှတ် - ၉ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်ညိုညိုသင်းလည်း ရှုံးနိမ့်ခဲ့ပါတယ်။

 တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly