ရှမ်းပြည်နယ်မှ ထင်ရှားကျော်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလာဒ်

ရှမ်းပြည်နယ်မှ ထင်ရှားကျော်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလာဒ်

နိုဝင်ဘာ ၉ ၊ ၂၀၂၀

နန်းယမင်း (SNLD ပါတီ)

ပြည်နယ်လွတ်တော် တောင်ကြီး မဲဆန္ဒနယ် အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ SNLD ပါတီက လူငယ်ကိုယ်စားလှယ်လောင်း နန်းယမင်းကတော့ အားကောင်းတဲ့ပြိုင်ဘက်ဖြစ်တဲ့ NLDက လက်ရှိရှမ်းပြည်နယ်ရဲ့စီမံဘဏ္ဍာ ဝန်ကြီး ဦးစိုးညွန့်လွင် ကိုရှုံးနိမ့်ခဲ့ရပါတယ်။
နန်းယမင်းအနေနဲ့ မဲရရှိမှုကစတုတ္ထနေရာမှာရှိခဲ့ပြီးတော့ USDPနဲ့ PNOက ဒုတိယနဲ့တတိယနေရာမှာရှိနေပါတယ်။

မော်ထွန်းအောင်(SNLD ပါတီ)

SNLDရဲ့ နာမည်ကြီးပညာတတ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ ကိုမော်ထွန်းအောင် ဟာဟာရှမ်းပြည်နယ်အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၅) ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။မူဆယ်ခရိုင်ကိုယ်စားပြုယှဉ်ပြိုင်ရတာဖြစ်ပြီး လတ်တလော မဲရလာဒ်တွေအရ မူဆယ်မြို့ကမဲဆန္ဒနယ်တွေမှာတော့ မဲအပြတ်အသတ်အနိုင်ရရှိထားပါတယ်။နမ့်ခမ်းမှာတော့ SNDPပါတီ၊ TNPပါတီ တို့နဲ့ မဲရလာဒ်အကြိတ်အနယ်ဖြစ်နေပြီး ကွတ်ခိုင်မှာတော့ USDPကအသာစီးရထားပါတယ်။ဒါပေမဲ့မဲဆန္ဒနယ်တစ်ခုလုံး ရလာဒ်တွေ အရတော့ ကိုမော်ထွန်းအောင်ကအလေးသာနေပါတယ်။

ဒေါက်တာလင်းထွဋ် (လက်ရှိပြည်နယ်ဝန်ကြီးချုပ်)

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ဟာ ၂၀၁၅တုန်းကသူ့ရဲ့မူလမဲဆန္ဒနယ်ဖြစ်တဲ့ လားရိူးမြို့ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ သူ့ရဲ့လုပ်ဆောင်ချက်ကိုအားမရခဲ့ကြပေမယ့် NLD ပါတီကဖြစ်တာကြောင့် ထောက်ခံမဲပေးခဲ့ကြောင်း ပြောဆိုသူအများအပြားရှိနေခဲ့တဲ့ လားရှိုးမြို့ပေါ်နဲ့ကြိုတင်မဲတွေရေတွက်မှုအရကတော့အသာ စီးရထားပါတယ်။ရွာမဲတွေကျန်ရှိနေသေးတာကြောင့် လက်ရှိအချိန်ထိတော့ ရလာဒ်ကအပြောင်းအလဲဖြစ်နိုင်ပါသေးတယ်။

ဦးထွန်းထွန်းဟိန် (လက်ရှိ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ)

နောင်ချိုမြို့ပြည်သူ့လွတ်တော်ကနေဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်ကတော့ မဲကွာခြားမှုပမာဏ အများကြီးနဲ့ အနိုင်ရသွားပြီဖြစ်ပါတယ်။ SNLD ပါတီကနေ တက်ကြွလှုပ်ရှားသူ ဦးအောင်ကျော်မိုးကိုဝင်ရောက်ယှဉ်ပြိုင်စေခဲ့ပေမဲ့ ဦးထွန်းထွန်းဟိန်ကိုရှုံးနိမ့်ခဲ့ရပါတယ်။

နန်းခမ်းအေး (SNLD ပါတီ)

၂၀၁၅-၂၀၂၀ အတွင်းပြည်သူ့လွတ်တော် ထဲမှာ အားကောင်းကောင်းနဲ့အတိုက်အခံလုပ်နိုင်ခဲ့တဲ့ SNLD ပါတီရဲ့ နမ္မတူမြို့နယ်ကိုယ်စားပြု အမတ်လောင်း ဒေါ်နန်းခမ်းအေးဟာ အခု၂၀၂၀ ရွေးကောက်ပွဲ မှာလဲထပ်မံအနိုင်ရခဲ့ပါတယ်။ဝန်ထမ်းမြို့လို့ဆိုရမယ့် နမ္မတူမြို့ ပေါ်မှာတောင်မှ SNLDကပြိုင်ဘက်ပါတီတွေရဲ့မဲရလာဒ်ကိုအသာစီးရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly