ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသား ဝန်ကြီးနေရာအတွက် မဲပေးဖို့ မဲစာရင်းမပါမှုတွေ ဖြစ်ပေါ်

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသား ဝန်ကြီးနေရာအတွက် မဲပေးဖို့ မဲစာရင်းမပါမှုတွေ ဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်က မဲရုံအချို့မှာ ဒီကနေ့မနက် ရခိုင်တိုင်းရင်းသား ဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးဖို့ ရခိုင်တိုင်းရင်းသားတွေရဲ့ မဲစာရင်းတွေမှာ မပါဝင်တာကြောင့် မဲမပေးခဲ့ရဘူးလို့ ရခိုင်တိုင်းရင်းသားတချို့က ဆိုပါတယ်။

တောင်ဒဂုံမြို့နယ် တစ်ခုလုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ရခိုင်တိုင်းရင်းသား ဦးရေဟာ ၄၀၀ ကျော်ရှိပြီး ဒီနေ့ ၁၀ နာရီဝန်းကျင်အထိ ရပ်ကွက်တစ်ခုမှာ ၁၀ ဦးဝန်းကျင်နဲ့ ၁၀၀ ကျော်ခန့် မဲစာရင်းထဲမှာ ပါမလာဘူးလို့ ရခိုင်တိုင်းရင်းသားအချို့ကပြောပါတယ်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်တွေ အပါအဝင် အခြားမြို့နယ်တွေမှာလည်း ရခိုင်တိုင်းရင်းသားတွေ မဲမပေးခဲ့ရတာတွေ ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားဝန်ကြီးနေရာမှာ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်ထုမေက ပြောပါတယ်။

ရိုက်ကူး - ဆုမြတ်မေဇော်

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - ကျော်ဇော်ဟိန်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly