ဥတုရာသီပြောင်းလဲမှုအတွက် လူသားတွေမှာ ဘယ်လောက်တာဝန်ရှိပါလဲ။ ကမ္ဘာကြီးပူနွေးမှုရဲ့ ဒဏ်တွေကို လက်တွေ့ခံစားနေရတဲ့ ကမ္ဘာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာ့နိုင်ငံသားတိုင်း လုပ်ဆောင်နိုင်ကြတယ် လို့ နယူးယောက်မြို့က ဆိုင်လေးတဆိုင်ကပြောပါတယ်။ သူတို့က စားသောက်ကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ လူတိုင်းက အလွယ်တကူရတဲ့ တခါသုံး ပလတ်စတစ်အိတ်တွေကို အသုံးပြုတာကို တားဆီးပညာပေးတဲ့အနေနဲ့ ပလပ်စတစ်အိတ်တွေနဲ့ လုပ်ထားတဲ့ ကုန်စုံဆိုင်လေး နယူးယောက်မြို့လယ်မှာ ဖွင့်ထားတာပါ။ ရိုက်တာသတင်းတပုဒ်ကို နန်လဖိုင်က ပြောပြပေးထားပါတယ်။