မြန်မာနိုင်ငံက လွှတ်တော်အသီးသီးမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းက ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ အာဆီယမ်နိုင်ငံတွေထဲမှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ အမျိုးသမီးတွေနိုင်ငံရေးမှာ ပါဝင်မှုနှုန်း ဒုတိယအနည်းဆုံးနိုင်ငံတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။
ဒီလိုအခြေအနေကို လေ့လာထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဖန်တီးအိမ်အဖွဲ့ရဲ့ စီမံကိန်းဒါရိုက်တာ ဒေါ်ခင်လေးငယ်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုဥက္ကဌ ဒေါ်နိုးနိုးထက်စံကို အခုတစ်ပတ် Women and Election အစီအစဉ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ပြည်သူတွေကို ကိုယ်စားပြုမယ့် အမျိုးသမီးတွေကို ရွေးကောက်ပွဲတွေကနေတဆင့် ရွေးချယ်ပေးနိုင်အောင်လို့ ဒီအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါတယ်။