COVID-19 ကာကွယ်ဆေး ရရှိနိုင်မှုကို အိန္ဒိယက မြန်မာနိုင်ငံအား ဦးစားပေးရန်ရှိ

COVID-19 ကာကွယ်ဆေး ရရှိနိုင်မှုကို အိန္ဒိယက မြန်မာနိုင်ငံအား ဦးစားပေးရန်ရှိ

အောက်တိုဘာ ၃၀ ၊ ၂၀၂၀
 

နယူးဒေလီနှင့် ကုန်း၊ ရေ နယ်နိမိတ်ထိစပ်လျက်ရှိသောသော အရှေ့တောင်အာရှနိုင်ငံ မြန်မာနှင့် ကာကွယ်ဆေး ပူးတွဲ ထုတ်လုပ်မှုအရ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်မှုကို အိန္ဒိယက မြန်မာအား ဦးစားပေးဆောင်ရွက် နေသည်။
 
အိန္ဒိယ၏ အိမ်နီးချင်းပထမနှင့် အရှေ့မူဝါဒများအရ အိန္ဒိယနှင့် မြန်မာတို့သည် COVID-19 ကာကွယ်ဆေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်သော အခွင့်အလမ်းများအတွက် ပထမအဆင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ် သည်။ ထိုဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ဇီဝနည်းပညာဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဌာနမှ အာဏာပိုင်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

 နိုင်ငံခြားရေးဝန်ကြီး၏ မကြာသေးခင်က မြန်မာနိုင်ငံသို လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။
 
နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတွင်း ကပ်ရောဂါကို တွန်းလှန်နိုင်ရန် အိန္ဒိယမှ ကူညီထောက်ပံ့သည့် ပြယုဒ်အနေဖြင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အား Remdesivir ဆေးပုလင်း ၃၀၀၀ ခန့် လက်ဆောင်ပေးအပ်ခဲ့ သည်။ သူသည် ကာကွယ်ဆေးများရရှိလာပါက မြန်မာနိုင်ငံအား ဦးစားပေးမျှဝေရန် အိန္ဒိယ၏ ဆန္ဒကိုလည်း ဖော်ပြသွားသည်။
 
ဒါ့အပြင် အိန္ဒိယသည် AIIMS (Raipur, Bhubaneshwar and Jodhpur), PGI Chandigarh ကဲ့သို့ ထိပ်တန်း အိန္ဒိယ အင်စတီကျုများမှ ဦးစီးဆောင်ရွက်သည့် COVID-19 နှင့် ဆက်စပ်သော e-ITEC အတန်းများကိုလည်း မြန်မာနိုင်ငံသို့ ပို့ချပေးလျက်ရှိသည်။ ထိုသင်တန်းများသည် မြန်မာနိုင်ငံတွင် ကောင်းစွာ အသုံးချနေသည်ဟု အရင်းအမြစ်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required