ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် နိုင်ငံရေးပါတီအချို့၏ ကတိကဝတ်

ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် နိုင်ငံရေးပါတီအချို့၏ ကတိကဝတ်

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အတွက် နီးကပ်လာတဲ့ အချိန်ကာလကိုရောက် လာတာနဲ့ အတူ တရားဝင် မဲဆွယ်ကာလကလည်း ကုန်ဆုံးဖို့နီးကပ်လာပါပြီ။ မဲဆွယ်နေတဲ့ကာလတစ်လျှောက် နိုင်ငံရေး ပါတီတွေအနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေပေးပြီး မဲဆန္ဒရှင်ပြည်သူတွေကို မဲဆွယ်လေ့ရှိပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတိုင်းက သူတို့ရဲ့ ဆောင်ပုဒ်တွေနဲ့ မဲဆွယ်ကြသလို တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကလည်း သူတို့ ကိုယ်ပိုင်ဆောင်ပုဒ်တွေနဲ့ ကတိကဝတ်တွေ ပေးလေ့ ရှိပါတယ်။

အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ သူတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုတောက်ပတဲ့ အနာဂတ်ဆိုတဲ့ အတိုင်း လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်းတဲ့ အနာဂတ်ကို ဖန်တီးပေးမယ်လို့ ဆိုပါတယ်။

တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly