မလေးရှားဝန်ကြီးချုပ်ပြိုင်ပွဲက ဘယ်လိုရှိမလဲ

မလေးရှားဝန်ကြီးချုပ်ပြိုင်ပွဲက ဘယ်လိုရှိမလဲ
 Dr Mahathir Mohamad (right), Anwar Ibrahim (centre) and Muhyiddin Yassin leave after a press conference in Kuala Lumpur on Jun 1, 2018. (File photo: Mohd RASFAN / AFP)

အောက်တိုဘာ ၁၆ ၊ ၂၀၂၀

မလေးရှားအတိုက်အခံ‌ခေါင်းဆောင် အန်ဝါအီဘရာဟင်သည် အစိုးရသစ် ဖွဲ့စည်းရန် ပါလီမန်တွင် ထောက်ခံမှု အများစုရထားကြောင်း သက်သေပြရန် စာရွက်စာတမ်းအထောက်အထားများကို ဘုရင်အားတင်ပြခဲ့သည့် အင်္ဂါနေ့ (အောက်တိုဘာ ၁၃)တွင် ဝန်ကြီးချုပ်အဖြစ်တောင်းဆိုရန် အဆိုတင်သွင်းခဲ့သည်။

ဘာဆက်ဖြစ်မလဲ

ဘုရင် အယ်လ်ဆူလတန် အဗ္ဗဒူလ်လာ သည် အန်ဝါ၏ ထောက်ခံမှုအများစုကို အကဲဖြတ်ရန် အဓိကနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။ ဘုရင်သည် လက်ရှိဝန်ကြီးချုပ် မူဟိုက်ယဒင် ရာစင် အား ရာထူးခန့်အပ်ခြင်းမပြုမီ ဖေဖော်ဝါရီလတွင် အလားတူ လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သည်။

COVID-19 ဖြစ်ပွားလာမှုများပြားလာသောကြောင့် မြို့တော်ကွာလာလမ်ပူနှင့် အနီးအနား ဆီလန်ဂေါ ပြည်နယ်တွင် တစ်စိတ်တစ်ပိုင်း လော့ဂ်ဒေါင်းချပြီးနောက် ဘုရင်၏ အစည်းအဝေးများအားလုံးကို နန်းတော်မှ ရွှေ့ဆိုင်း လိုက်သည်။ နန်းတော်က ကိုရိုနာဗိုင်းရပ်စ်တားဆီးမှု ဖယ်ရှားပြီးသည့်နောက်တွင် အန်ဝါသည် ဝန်ကြီးချုပ်ဖြစ်ရန် ထောက်ခံမှုရှိ မရှိနှင့် ပတ်သတ်၍ ဘုရင်သည် အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် အတည်ပြုမှာဖြစ်သည်။

ဘုရင်အနေဖြင့် အန်ဝါသည် ပါလီမန်၏ ထောက်ခံမှုအများစု ရရှိထားသည်ဟု ယူဆပါက ဝန်ကြီးချုပ်အဖြစ်ခန့်အပ်နိုင်သည် (သို့မဟုတ်) ပါလီမန်အား ဖျက်သိမ်းပြီး ဝန်ကြီးချုပ်၏ အကြံပေးချက်အတိုင်း ရွေးကောက်ပွဲများ ကို ကျင်းပနိုင်သည်။

ဘုရင်မြှောက်သူ

ယခင်အာဏာရပါတီဖြစ်သော ယူနိုက်တက်မလေးရှားအမျိုးသားအဖွဲ့ (UMNO)သည် အဓိက ကြိုးကိုင်သူများဖြစ်ပြီး သူတို့သည် အန်ဝါ၏ ဝန်ကြီးချုပ်ဖြစ်ရန် အခွင့်အလမ်းများကို ဖန်တီးနိုင်သလို ဖျက်ဆီးနိုင်သူများ ဖြစ် သည်။

UMNOသည် မူဟိုက်ယဒင် ရာစင် ၏ ခုနှစ်လတာ အုပ်ချုပ်ရေးအတွင် အကြီးမားဆုံးအုပ်စုဖြစ်ပြီး ပါလီမန်အမတ်အများစု နှစ်နေရာစာအတွက် လွတ်မြောက်ခဲ့ပြီးဖြစ်သည်။

သိုသော် UMNO ပါတီခေါင်းဆောင်များသည် လူနည်းစုပါတီ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်များကို လိုက်နာရသည့်အတွက် မကျေနပ်ချက်များ ပိုပို တိုးပွားလာလျက်ရှိသည်။

UMNOကမူ အခြေအနေအသစ်များကို သဘောမတူပါက မူဟိုက်ယဒင် ရာစင် အစိုးရအား ထောက်ခံမှုကို ရပ်တန့်မည်ဟု အင်္ဂါနေ့နှောင်းပိုင်းတွင်ကြေညာခဲ့ပြီး အချို့ပါတီခေါင်းဆောင်များကမူ သူတို့အနေဖြင့် အန်ဝါ ကို ထောက်ခံရန် ဆုံးဖြတ်လျင် အံ့အားသင့်စရာမဟုတ်ကြောင်း ပြောသည်။

“UMNO သည် ဒုတိယနေရာမှ ကစားရန် အကျင့်မဖြစ်သေးခြင်းသည် ခေါင်းဆောင်မှုစိန်ခေါ်မှု၏ အဓိက အကြောင်းရင်းဖြစ်သည်။ အန်ဝါကို ထောက်ခံခြင်းအားဖြင့် ပါတီသည် မည်သူ ဝန်ကြီးချုပ်ဖြစ်လာနိုင်ကြောင်း ဆုံးဖြတ်နိုင်စွမ်းကို ထုတ်ဖော်ပြသနေသည်” ဟု နိုင်ငံရေးစွန့်စားမှု အတိုင်ပင်ခံ BowerGroupAsia ဒါရိုက်တာ အဒစ် ဇယ်လ်ကာပလီ က ပြောသည်။

အကယ်၍ အန်ဝါ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင်

ဘုရင်သည် အန်ဝါအား ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပါက သူသည် ဝါရင့်ခေါင်ဆောင် မဟာသီယာ မိုဟာမက်ကို အစားထိုးခဲ့သော မူဟိုက်ယဒင် ရာစင် အပြီး နိုင်ငံ၏ တတိယခေါင်းဆောင် ဖြစ်လာလိမ့်မည်။

သို့သော် အန်ဝါသည် အုပ်ချုပ်ရေးအသစ်ထူထောင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရိုက်ခတ်မှုကြောင့် ပို့ကုန်တင်ပို့မှုအပေါ်မူတည်သော မလေးစီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအတွက် နိုင်ငံ၏ ဘတ်ဂျက်ကိုရေးဆွဲရန် အချိန်အနည်းငယ်သာ ရသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

မူဟိုက်ယဒင်အစိုးရသည် ၂၀၂၁ ဘတ်ဂျက်ကို နိုဝင်ဘာ ၆ရက်တွင် ရေးဆွဲရန် စီစဉ်ထားသည်။ “အန်ဝါက လာမဲ့ သက်တမ်းမှာ တာဝန်ယူမယ်ဆိုရင် ဗျူရိုကရေစီအပေါ်မှာ အရမ်းမှီခိုနေရမှာ၊ မူဟိုက်ယဒင် ကြေညာခဲ့တဲ့ အစီအစဉ်တွေလည်း ဆက်လက်လုပ်ဆောင်နေရမှာပဲ” ဟု Vriens & Partners ၏ နိုင်ငံရေးနှင့်မူဝါဒဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ရှဇ်ဝန် မူစတာဖာ ကမဲလ်က ဆိုသည်။

“ ခင်ဗျား မူဝါဒ အပြောင်းအလဲကို မြင်ရမှာ မဟုတ်ဘူး။ နိုင်ငံရေးပဲ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly