ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်

ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်

ရန်ကုန်၊ အောက်တိုဘာ ၁၅

အိန္ဒိယမှဝယ်ထားသည့် ရှရှားနိုင်ငံလုပ် ဒီဇယ် - လျှပ်စစ်စွမ်းအင်သုံး Kilo-Class   တိုက်ခိုက်ရေးအမျိုးအစား ရေငုပ်သင်္ဘော (မင်းရဲသိင်္ခသူ) ပါဝင်သောပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

(လေ့ကျင့်ခန်း-ဗန္ဓုလ)ဟု အမည်ပေးထားသော စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ကြည့်ရှုခဲ့သည်။

 အဆိုပါလေ့ကျင့်မှု့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောပါဝင်သည့် လေ့ကျင့်မှုဟု  သေနင်္ဂ အင်စတီကျူ့က အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးကပြောသည်။

“လေ့ကျင့်ရေးမှာသုံးမယ်လို့ပြောထားပေမယ့် တိုက်ခိုက်ရေးမှာသုံးချင်လည်း သုံးနိုင်တဲ့အနေအထားပေါ့။ ဝယ်ယူလိုက်တဲ့တန်ကြေးနဲ့ ကျွန်တော်တို့ အသုံးပြုလို့ရနိုင်မယ့်အနေအထားဆိုရင်တော့ ရေငုပ်သင်္ဘောရရှိသွားတဲ့အတွက်ကြောင့် အထူးသဖြင့် 3D လို့ခေါ်တဲ့ ရေပြင်၊ ဝေဟင်၊ ရေအောက်ရယ် သုံး ခုလုံးအတွက် ကာကွယ်ရေးကောင်းကောင်းလုပ်နိုင်သွားမယ့် ခြေလှမ်းသစ်တစ်ခုကိုရနိုင်သွားတာပဲ” ဟု ၎င်းကဆိုသည်။  
 
 မြန်မာ့တပ်မတော် (ရေ ) အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရေငုပ်သင်္ဘောအုပ်စုတစ်ခု တည်ထောင်နိုင်ရန် ရည်မှန်းချက်ထားလုပ်ဆောင်နေသည်ဟုပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly