ဗကသ အဖွဲ့ဝင် ကျောင်းသား ၂ ဦးကို အမရပူရ မြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်

ဗကသ အဖွဲ့ဝင် ကျောင်းသား ၂ ဦးကို အမရပူရ မြို့နယ်တရားရုံးမှာ ပထမအကြိမ် ရုံးထုတ်

ရခိုင်ပြည်သူတွေအပေါ် ဖိနှိပ်တာတွေ မလုပ်ဖို့၊ အင်တာနက်လိုင်းတွေ အမြန်ဆုံး ဖွင့်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသားနှစ်ဦးဖြစ်တဲ့ ကိုသီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မတွေ အပါအဝင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မတွေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တရားရုံးမှာ ဒီနေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲပိုင်းက ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ရိုက်ကူး / တည်းဖြတ် - အောင်ကိုဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required