ချက်နိုင်ငံမှာ ကွာရန်တင်းသမားတွေ ကားပေါ်ကနေ ရွေးကောက်ပွဲမဲပေး

01 October 2020
ချက်နိုင်ငံမှာ ကွာရန်တင်းသမားတွေ ကားပေါ်ကနေ ရွေးကောက်ပွဲမဲပေး

COVID-19 ကပ်ရောဂါကြောင့် ကွာရန်တင်းအောက်မှာ ရှိနေကြတဲ့ ချက်နိုင်ငံသားတွေကတော့ ယခုအခါ ၎င်းတို့တွေရဲ့ ကားပြတင်းပေါက်ကနေတဆင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေ ပေးလို့ ရနေလျက် ရှိပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ ဒေသဆိုင်ရာနဲ့ အထက်လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာတော့ ၎င်းတို့တွေဟာ drive-in စနစ် သုံး အထူးမဲရုံ (ကားမောင်းဝင်ပြီး ကားထဲကနေ ထိုင်ရာမထဘဲ မဲပေးနိုင်တဲ့ မဲရုံ) တွေမှာ မဲပေးလို့ ရနိုင်လျက် ရှိပါတယ်။ ယင်းနိုင်ငံမှာတော့ လက်ရှိကာလ ကွာရန်တင်းအောက်မှာ ရှိနေတဲ့ မဲဆန္ဒရှင် ၁၅,၀၀၀ လောက်အတွက်ကို ယင်းလိုမျိုး မဲရုံ ၇၈ ရုံကို ပြည်ထဲရေးဝန်ကြီးဌာနက တည်ဆောက်ပေးထားတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article...

တည်းဖြတ်  - ဇော်မင်းထွေး

တင်ဆက် - ဇော်မင်းထွေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly