ပြင်သစ်နိုင်ငံမှာကာလကြာရှည်စောင့်ဆိုင်းလာတဲ့ အစွန်းရောက်အယူဝါဒ သွတ်သွင်းမှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းတရပ်ကို ပြင်သစ်အစိုးရက မကြာခင်ထုတ်ပြန်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီသီတင်းပတ်ထဲမှာပဲ ဒီမူကြမ်းနဲ့ပတ်သက်လို့ အဓိကအချက်တွေကို သမ္မတ Emmanuel Macron ပြောဆိုဖို့ရှိပါတယ်။ မူကြမ်းပါအသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် အနောက်ဥရောပဒေသမှာ မွတ်ဆလင်အများဆုံးရှိရာ ပြင်သစ်လူထုကြား အမြင်တွေလည်း ကွဲနေပါတယ်။ ပါရီမြို့ တော်က VOA သတင်းထောက် Lisa Bryant ရဲ့ သတင်းလွှာကို နန်းလောင်ဝ် ဆက်ပြောပြပေးပါမယ်။