ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက အဆင်းရဲဆုံးလူဦးရေ ၅၀ ရာခိုင်နှုန်းထက် CO2 ထုတ်လွှတ်မှု ၂ ဆ ပိုများ 

ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက အဆင်းရဲဆုံးလူဦးရေ ၅၀ ရာခိုင်နှုန်းထက် CO2 ထုတ်လွှတ်မှု ၂ ဆ ပိုများ 
Photo - AFP

စက်တင်ဘာ ၂၂  

ကမ္ဘာ့အချမ်းသာဆုံးလူ တစ်ရာခိုင်နှုန်းဟာ ကမ္ဘာ့လူဦးရေ ထက်ဝက် အဆင်းရဲဆုံးလူတွေထက် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှု နှစ်ဆ ပို ထုတ်လွှတ်နေခဲ့တယ်ဆိုပြီး Oxfam နဲ့ စတော့ဟုမ်း သဘာဝပတ်ဝန်း ကျင် အင်စတီကျူ့ တို့ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြပါတယ်။ 

Oxfam နဲ့ စတော့ဟုမ်း သဘာဝပတ်ဝန်းကျင် အင်စတီကျူ့ တို့ဟာ ၁၉၉၀ နဲ့ ၂၀၁၅ အကြား ကာလတစ်ခုမှာ လေ့လာမှုတွေ လုပ်ခဲ့ပြီး အဲဒီ ကာလအတွင်း နှစ်စဉ် CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတွေဟာ ၆၀ ရာခိုင်နှုန်းနဲ့ မြင့်တက်လာခဲ့ပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ အဆင်းရဲဆုံး ထက်ဝက်ဖြစ်တဲ့ ၃ ဒသမ ၁ ဘီလီယံထက် စာရင် ကမ္ဘာ့အချမ်းသာဆုံးလူ တစ်ရာခိုင်နှုန်းဟာ ကာဗွန် ညစ်ညမ်းမှုတွေ နှစ်ဆပိုတိုးစေခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ အဆိုပါ လေ့လာချက်သစ်က ပြသနေခဲ့ပါတယ်။ 

ကပ်ရောဂါကြောင့် ကာဗွန် ထုတ်လွှတ်မှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပေမယ့်လည်း ကမ္ဘာကြီးဟာ ယခုရာစုနှစ်ထဲ ဒီဂရီတချို့ ပူနွေးစေမယ့် အဟုန်တစ်ခုမှာ ဆက်ရှိနေတဲ့အတွက် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သဘာဝဘေးဒုက္ခဆိုးတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ ခြိမ်းခြောက်နေပါတယ်။ 

Oxfam ဦးဆောင်လုပ်ဆောင်တဲ့ ဒီ အကဲဖြတ်အစီရင်ခံစာအရ ချမ်းသာတဲ့ နိုင်ငံတွေဟာ ကမ္ဘာကြီးရဲ့ ကာဗွန်ဘတ်ဂျက်ရဲ့ သုံးပုံတစ်ပုံနီးပါးကို လျော့နည်းကုန်ခန်းစေမှုအတွက် တာဝန်ရှိနေခဲ့တယ်လို့ ဖော်ပြနေခဲ့ပါတယ်။ 

ကာဗွန် ဘတ်ဂျက်ကတော့ လူသားတို့  ထုတ်လွှတ်နိုင်တဲ့ တစ်စတစ်စ များလာတဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို ကြီးမားလှတဲ့ အပူချိန်မြင့်တက်မှုတွေ ရှောင်လွှဲမရနိုင်တဲ့အခြေအနေမျိုး မရောက်ခင် ကန့်သတ်ချက် ဖြစ်ပါတယ်။ 

“ကာဗွန် မညီမျှမှု” ပိုင်းမှာ ကျယ်ပြန့်လာတာကို မီးမောင်းထိုးပြသရင်းနဲ့ ဒီ အကဲဖြတ်အစီရင်ခံစာရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေ တစ်ရာခိုင်နှုန်းရဲ့ ကာဗွန် ထုတ်လွှတ်မှုပိုင်း တိုးတက်မှုနှုန်းဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် အဆင်းရဲဆုံးလူတွေထက် သုံးဆ ပိုများနေတယ်လို့လည်း ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required