ပရီးမီးယားလိဂ်ပွဲစဉ် ၂ မှာ ချယ်လ်ဆီးကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က "ပြီးပြည့်စုံတဲ့နေ့တစ်နေ့ပါပဲ။"လို့ ကျေနပ်အားရမှုကို ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဂျာမန်သားနည်းပြကြီးက ၎င်းရဲ့ ကစားသမားသစ် တီယာဂို အယ်ကန်တာရဲ့ ပွဲဦးထွက်ကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။
ကလော့ပ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ခေါ်ယူခဲ့တဲ့ စပိန်ကွင်းလယ်ကစားသမားကို ပထမပိုင်းအပြီး ကွင်းလယ်ကစားသမား ဟန်ဒါဆင် ဒဏ်ရာရရှိသွားချိန်မှာ ထည့်သွင်း ကစားစေခဲ့တာပါ။
"အယ်လီ (အယ်လီဆန် ဘက်ကာ)က ပင်နယ်တီကို ကာကွယ်သွားနိုင်ပြီး ဂိုးမပေးရတာရယ်၊ တီယာဂို (အယ်ကန်တာရာ)ရဲ့ ပွဲဦးထွက်ရယ်ဟာ ကောင်းမွန်ပါတယ်။ တကယ့်ကိုပဲ ကောင်းမွန်တာပါ။ ကျေနပ်စရာပါ။ ဟန်ဒါဆန်မှာ ဒဏ်ရာပြဿနာ ဘာမှမရှိဘူးဆိုရင်တော့ ဒါဟာ ပြီးပြည့်စုံတဲ့နေ့ပေါ့။"လို့ ကလော့ပ်က ပြောပါတယ်။
လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသမား ကီပါရဲ့ ပေါ့လျော့မှုနဲ့ ပတ်သက်လို့ လမ်းပတ်ကတော့ "ဒါသိသာတဲ့ အမှားကျူးလွန်မှုပါ။"လို့ ပွင့်ပွင့်လင်းလင်းပြောဆိုသွားပါတယ်။
Ref; AFP