အမေရိကန်ပြည်ထောင်စု တောင် Dakota ပြည်နယ်ထဲက Black Hills ကျောက်တောင်တန်းကြီးပေါ်မှာ အမေရိကန်သမ္မတဟောင်းတွေရဲ့ ဧရာမရုပ်တုကြီးတွေကို ထွင်းထု ဂုဏ်ပြုထားပါတယ်။ ရုပ်တုကြီးတွေ ရှိရာမှာ Mount Rushmore အမျိုးသားဥယျာဉ်ကြီးအဖြစ် အထိမ်းအမှတ်ပြုလုပ်ထားတဲ့နေရာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြရပါမယ်။