ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ကိုယ်စားပြုပြီး ပြည်မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စာလှယ်လောင်း ဦးကျော်ဆန်းဟာ ပြည်မြို့ မြို့သစ်ရပ်ကွက် ကားကြီးဝန်းအနီးလက်ဘက်ရည်ဆိုင်ရှေ့မှာ အောင်နိုင်ရေး ဆိုင်ဘုတ်စိုက်ထူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံအချို့နဲ့ အချင်းများခဲ့ပါတယ်။
အဲဒီလိုအချင်းများခဲ့ရာမှာ ပါတီနဲ့ လူပုဂ္ဂိုလ်ကိုပါ ဆဲဆိုပြောဆိုခဲ့တာကြောင့် ပုဒ်မ၂ခုတို့ဖြင့် ပြည်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးကျော်ဆန်းက ပြောပါတယ်။
ရိုက်ကူး / တည်းဖြတ် - ဟန်ထူးဇော်