အသက် ၆၅ နှစ်အရွယ် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုပါရဂူ ဆရာဝန်မကြီး ဒေါက်တာ ခင်အေးမြင့်ဦးဟာ ဆီးချို၊ သွေးတိုးရောဂါအခံတွေနဲ့အတူ COVID-19 ကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့ညပိုင်းက သေဆုံးသွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေထဲ ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။
COVID-19 ကူးစက်ဖြစ်ပွားမှုတွေများလာတာနဲ့အတူ သေဆုံးမှုနှုန်းပါများလာတာကြောင့် ဘယ်လိုအသက်အပိုင်းအခြားနဲ့ ဘယ်လိုရောဂါအခံရှိသူတွေ သေဆုံးမှုများနေသလဲဆိုတာကို ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါစတင်ဖြစ်ပွားချိန်ကစလို့ သြဂုတ်လ ၁၆ ရက်နေ့မတိုင်ခင်ထိ ပိုးတွေ့လူနာ သုံးရာကျော်နဲ့ သေဆုံးသူ ၆ ဦးသာရှိခဲ့တာပါ။
ပြည်တွင်းကူးစက်ဖြစ်ပွားသူတစ်ဦးပြန်လည်တွေ့ရှိခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကစပြီး တစ်လလောက်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူရော၊ သေဆုံးသူပါ သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မနက်ပိုင်း အထိဆိုရင်တော့ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာအရေအတွက် ၄၂၉၉ ဦးနဲ့ သေဆုံးသူ ၆၁ ဦးအထိရှိလာပါတယ်။
တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်