အာဆီယံ ၁၀ နိုင်ငံဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့အနက် ဖိလစ်ပိုင်နိုင်ငံက COVID-19 ကူးစက်ခံရသူ ၂ သိန်း ၇ သောင်းကျော် ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာတော့ အများဆုံးဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ ပိုးတွေ့လူနာ ၂ သိန်း ၂ သောင်းကျော် ရှိနေပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ပိုးတွေ့လူနာ ၅ သောင်းကျော် ရှိနေတဲ့ စင်ကာပူက တတိယအများဆုံး ဖြစ်နေပြီး ပိုးတွေ့လူနာ တစ်သောင်းကျော် ရှိနေတဲ့ မလေးရှားနိုင်ငံကတော့ စတုတ္ထအများဆုံး ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းအထိ ပိုးတွေ့လူနာစုစုပေါင်း ၃၈၉၅ ဦးအထိ ရှိနေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံ ၁၀ နိုင်ငံတွေထဲ ပိုးတွေ့လူနာအများဆုံး အဆင့် ၅ နေရာမှာ ရှိနေပါတယ်။
တည်းဖြတ် / တင်ဆက် - ဖူးအိအိနွယ်