ကိုရိုနာဗိုင်းရပ်ကူးစက်မှုနည်းနည်းအခြေအနေသက်သာလာလို့ ကမ္ဘာ့နိုင်ငံတချို့မှာ လုပ်ငန်းလည်ပတ်မှုတွေ ပြန်စတင်ပေမယ့် ကမ္ဘာ့တချို့အပိုင်းတွေမှာကျတော့ ကူးစက်မှု ပြန်မြင့်တက်လာတာ တွေ့နေရတာပါ။ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ပြန်ပြီး မြင့်တက်လာနေ တာကြောင့် ကပ်ရောဂါကန့်သတ်ချက်တွေ ပြန်ပြီးချမှတ်ထားရပါတယ်။ ဂျကာတာမြို့တော်မှာ တနင်္လာနေ့ကစပြီး ၂ ပတ်ကြာအထူးညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာပါ။ အဲဒီမှာက ပိုးကူးစက်မှုမြင့်တက်လာတဲ့အတွက် အရေးပေါ်လူနာဆောင်တွေမှာ မနိုင်မနင်းဖြစ်လာနေတာပါ။ AP သတင်းဆောင်းပါးကို အလိမ္မာ တင်ပြထားပါတယ်။