ကိုဗစ်ရောဂါကူးစက်မှုတွေက ကာကွယ်ဆေးမတွေ့မချင်း ထိန်းချုပ်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတထုတ်လုပ်မှု အပိုင်းမှာလည်း လောလောဆယ် အဆင့် (၃) စမ်းသပ်နေတဲ့ မျှော်လင့်ချက်အရှိဆုံး ကိုရိုနာဗိုင်းရပ်ကာကွယ် ဆေးတမျိုးဖြစ်တဲ့ ဗြိတိန်က ဆေးစမ်းသပ်မှုမှာ ပါဝင်သူတဦး နေမကောင်း ဖြစ်လာတဲ့အတွက် စမ်းသပ်မှု ရပ်လိုက်ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာရှင် တွေကတော့ သူနေမကောင်းတာက ကာကွယ်ဆေးနဲ့ ဆက်စပ်မှုမရှိနိုင်ဘူးလို့လည်း ပြောကြပါတယ်။ ဗွီအိုအေသတင်းထောက် Henry Ridgwell ပေးပို့ထားတဲ့သတင်းလွှာကို မခွာညိုက ပြောပြပေးပါမယ်။